October 23, 2024

ဘန်ကောက်မြို့အတွင်း လမ်းမကြီးများ၌ လူကူးမျဉ်းကြားများတွင် လမ်းသွားလမ်းလာများက ယာဉ်များ ရပ်တန့်စောင့်ဆိုင်းပေးရန်အတွက် ယုန်ရုပ်ပါဆိုင်းဘုတ်များ ကိုင်ဆောင်ဖြတ်ကူးနေကြစဉ်။

၂၅.၁.၂၀၂၃.
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် လမ်းမကြီးများ၌ လူကူးမျဉ်းကြားများတွင် လမ်းသွားလမ်းလာများ အားရပ်တန့်ပေးရန်ပျက်ကွက်ခဲ့ပါက အဆိုပါယာဉ်မောင်းအား ဘတ်ငွေ ၄,၀၀၀ ဒဏ်တပ်မှုပြုသည့်အပြင် ၎င်းတို့၏ယာဉ်မောင်းလိုင်စင်များတွင်လည်း မော်တော်ယာဉ်သွားလာမှုဥပဒေအသစ်များအရ အမှတ်တစ်မှတ် လျှော့ချမှုများပြုလုပ်လျက်ရှိသည်။ ထိုကဲ့သို့ လူကူးမျဉ်းကြားတွင် ရပ်မပေးသည့် ယာဉ်မောင်းများကို အရေးယူမှုအား ဇန်နဝါရီလ ၉ ရက်မှ စတင်၍ ရဲတပ်ဖွဲ့ကဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း ထိုင်းအစိုးရက ဇန်နဝါရီလ ၂၄ ရက်တွင် ပြောခဲ့သည်။

အဆိုပါမော်တော်ယာဉ်သွားလာမှု စည်းကမ်းထိန်းသိမ်းရေးဥပဒေအသစ်များက လမ်းအားအသုံးပြုလျက်ရှိသူအားလုံး အထူးသဖြင့် လူကူးမျဉ်းကျားများမှ ဖြတ်ကူးသည့် လမ်းသွားလမ်းလာများ လုံခြုံစိတ်ချရမှု ပိုမိုတိုးတက်ကောင်းမွန်စေရန် အလေးထားကြောင်းလည်း သိရသည်။ ယခင်က လူကူးမျဉ်းကြားများတွင် လမ်းသွားလမ်းလာများအား ရပ်တန့်ပေးရန်ပျက်ကွက်ခဲ့ပါက အဆိုပါယာဉ်မောင်းအား ဘတ်ငွေ ၁,၀၀၀ သာ ဒဏ်တပ်မှုပြုခဲ့သည်။

ထိုင်းနိုင်ငံတွင် မော်တော်ယာဉ်မောင်းများအနေဖြင့် ၎င်းတို့၏ယာဉ်မောင်းလိုင်စင်များတွင် အမှတ် ၁၂ မှတ် စတင်ရရှိကြပြီး ယာဉ်စည်းကမ်းချိုးဖောက်မှုများအတွက် အမှတ်လျှော့ချခြင်းများကို ပြုလုပ်ဆောင်ရွက်သည်။ အကယ်၍ ယာဉ်မောင်းတစ်ယောက်အနေဖြင့် ၎င်း၏ယာဉ်မောင်းလိုင်စင်တွင် အမှတ်သုညသို့ရောက်ရှိခဲ့ပါက လိုင်စင်အား သုံးလဆိုင်းငံ့ခြင်းခံရပြီး ဘတ်ငွေ ၁၀,၀၀၀ လည်း ဒဏ်ပေးဆောင်ရကြောင်း သိရသည်။ အကယ်၍ သုံးနှစ်အတွင်း ယာဉ်မောင်းလိုင်စင်အား လေးကြိမ်ဆိုင်းငံ့ခံခဲ့ရပါက ယာဉ်မောင်းလိုင်စင် လုံးဝဖျက်သိမ်းခံရမည်ဖြစ်သည်။

ဘန်ကောက်မြို့တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်က ဆရာဝန်တစ်ဦးအား ဆိုင်ကယ်စီးလာသောရဲတစ်ဦးက ပါရာထိုင်း လမ်းပေါ်တွင် လူကူးမျဉ်းကျား၌ တိုက်မိသဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ရသည်။ ထိုဖြစ်ရပ်ပြီးနောက် သေဆုံးသူ၏မိဘများက ထိုင်းရဲတပ်ဖွဲ့နှင့် အဆိုပါဆိုင်ကယ်မောင်းရဲအရာရှိတို့အား ဘတ်ငွေ ၇၂ သန်း လျော်ကြေးပေးရန် တရားစွဲမှုဖြစ်ခဲ့သေးသည်။ ထို့နောက်တွင်လည်း လူကူမျဉ်းကြားများ၌ လမ်းသွားလမ်းလာများအား ရပ်ပေးရေးအတွက် မော်တော်ယာဉ်သွားလာမှုဥပဒေအသစ်ကို ပြဌာန်းခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လမ်းသွားလမ်းလာများကလည်း လူကူးမျဉ်းကြားများဖြတ် ကူးရာ၌ ယာဉ်များက ရပ်တန့်စောင့်ဆိုင်းပေးရန်အတွက် ယုန်ရုပ်ပါဆိုင်းဘုတ်များ ကိုင်ဆောင်ဖြတ်ကူးတတ်ကြသည်ကို တွေ့လာရသည်။
Ref——Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *