October 23, 2024

MT News

Written by Nyein Kyaw

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်အတွင်းရှိ သိန္နီ-ကွမ်းလုံ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ကားတစ်စီးမီးလောင်ကာ လူတစ်ဦးသေဆုံး၍ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဇန်နဝါရီ ၂၄ ရက် ည ၈ နာရီ ၂၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ နမ့်စလပ်ကျေးရွာအုပ်စု၊ သိန္နီ -ကွမ်းလုံ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၆/၇) အနီး တွင်ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နေရာသို့ သိန္နီမြို့နယ်မီးသတ်စခန်းမှ Foam (အမြှုပ်ဆေးရည်) မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များတို့ဖြင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ည ၉ နာရီ ၁၀ မိနစ်တွင် မီးငြှိမ်းသတ်မှုပြီးစီးခဲ့သည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်တွင် ပါရှိသော ကျား နှစ်ဦး၊ မတစ်ဦးအနက် ကျားနှစ်ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ)နှင့် မတစ်ဦးသေဆုံးခဲ့ပြီး ၎င်းတို့အား သိန္နီမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

(Photo- MFSD)

Leave a Reply

Your email address will not be published. Required fields are marked *