October 23, 2024

တရုတ် Hozon Auto နှင့် Grand Sirius တို့၏ မြန်မာ့လျှပ်စစ်ကား စျေးကွက်အတွင်း ဝင်ရောက်ရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့မှု မြင်ကွင်း

MT News

Written by Ye Kyaw

နေပြည်တော်၊ ရန်ကုန်မြို့နှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၃၈ ဆိုင်တွင် EV ယာဉ်များအတွက် Charger များတပ်ဆင်ရန် ခွင့်ပြုထားပြီးဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Grand Sirius Co,.Ltd.သည် စက်မှုဝန်ကြီးဌာန၏ Standard နှင့်အညီ တင်သွင်းခွင့်နှင့် အသုံးပြုခွင့်ရထားပြီးဖြစ်သော LINCHR တံဆိပ် 60kw Charger များကို ရောင်းချရန် အဆိုပြုလွှာ Specification များနှင့်တကွ တင်ပြလာသဖြင့် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီမှ EV ယာဉ်များအတွက် Charger များတပ်ဆင်ရန် ခွင့်ပြုထားပြီးဖြစ်သည်။

ထို့ကြောင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းကြီးပေါ်ရှိ စက်သုံးဆီ‌အရောင်းဆိုင် စုစုပေါင်း ၃၈ ဆိုင်အနေဖြင့် Grand Sirius Co,.Ltd. နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ကုမ္ပဏီ၏တင်ပြချက်နှင့်အတူ ရည်ညွှန်းပါစာဖြင့် အကြောင်းကြားလာပါသဖြင့် သက်ဆိုင်ရာ စက်သုံးဆီအရောင်းဆီအရောင်းဆိုင်များသို့ အသိပေးအကြောင်းကြားခဲ့သည်။

နေပြည်တော်တွင် ဇဗ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များ၊ ရန်ကုန်တိုင်းတွင် ရွှေပြည်သာ၊ တောင်ဥက္ကလာပ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ထောက်ကြန့်၊ ဒလ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ သာကေတ၊ ဒဂုံမြို့သစ်မြောက်ပိုင်းစသည့်မြို့နယ်များအတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များက Charging Point တပ်ဆင်ရန် လျှောက်ထားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *