၂၄. ၁. ၂၀၂၃
Written by Naing Thuta
ခြင်ဆေးခွေထွန်းထားရာမှ မီးကူးစက်လောင်ကျွမ်းမှု မန္တလေးတွင် ယမန်နေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ၂၄ ရက် နံနက် ၉ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက် ၅၉ လမ်းနှင့် လမ်း ၆၀ ကြား၊ ၃၈( D)လမ်းပေါ်ရှိ နေအိမ်၏ အိပ်ခန်းအတွင်း ခြင်ဆေးခွေထွန်းထားရာမှ နံဘေးရှိဝါးကပ်ထရံအား မီးကူးစက်ခဲ့ပြီး ဒိုင်းကာ၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံးတို့အား မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ကျွမ်းရာသို့ မဟာအောင်မြေမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးညွန့်ဝင်းအောင် ဦးစီးသော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် (၄၀)ဦး၊မီးငြိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၂)စီးဖြင့် ရောက်ရှိကာ မီးငြှိမ်းသတ်ခဲ့ကြရာ နံနက် ၉ နာရီ ၃၇ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၉ နာရီ ၄၀ မိနစ်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
၎င်းမီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုကာလ တန်ဖိုး၁၂၀၀၀ဝ ကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာသုံးစွဲသူ အသက် ၂၄ နှစ်အရွယ်အမျိုးသားအား ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်းလည်း သိရသည်။