
၂၈.၄.၂၀၂၅
Written By Thandar
Myanmar Idol ရဲ့ အဆိုရှင်တစ်ဦးဖြစ်တဲ့ နီလန်းနဲ့ ချစ်သူကောင်လေး မာဗင်ရွှေလျန်တို့က ချစ်သူသက်တမ်း ၄ နှစ်မှာ လက်ထပ်ထိပ်မြားမင်္ဂလာပွဲကို ကျင်းပခဲ့ပါတယ်။
“နီလန်းတို့က ချစ်သူသက်တမ်း ၄ နှစ်မှာ လက်ထပ်ခဲ့ကြတာပါ။ သူက အရမ်းချစ်ပေးတာကြောင့် ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့တယ်”လို့ အဆိုတော် နီလန်းကပရိသတ်သိအောင် ပြောလာပါတယ်။
သူမနဲ့ ချစ်သူကောင်လေး မာဗင်ရွှေလျန်တို့ရဲ့ လက်ထပ်ထိပ်မြားမင်္ဂလာပွဲကို ဧပြီလ ၂၆ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ခဝဲခြံဘုရားကျောင်းဖြစ်တဲ့ Lai Baptist Church မှာ ချင်းရိုးရာအတိုင်း ကျင်းပခဲ့ကြတာလည်းဖြစ်ပါတယ်။ ဒီမင်္ဂလာပွဲကိုတော့ Myanmar Idol ပြိုင်ပွဲအဖွဲ့ဝင်တွေ အနုပညာရှင်တွေ တော်တော်များများ တက်ရောက်ပေးခဲ့ကြပါတယ်။
နီလန်းရဲ့ ချစ်သူခင်ပွန်းလောင်းဟာ တမူးမြို့ဇာတိဖြစ်တဲ့ ချစ်သူ မာဗင်ရွှေလျန်ဖြစ်ပြီး သူမလိုပဲ ချင်းအမျိုးသားတစ်ဦးဖြစ်ပါတယ်။ သူမက Myanmar Idol သီချင်းဆိုပြိုင်ပွဲဝင်ပြီးနောက် ကိုယ်ပိုင်စီးပွားအနေနဲ့ နီလန်း မွေးဖွားရာဇာတိဖြစ်တဲ့ ဟားခါးမြို့မှာ အမိုက်စား Beauty Studio ကို ဖွင့်လှစ်ခဲ့ပါတယ်။
#နီလန်း #NiLen #မာဗင်ရွှေလျန်
#Marvin #ဟားခါး #MyanmarIdol
#MyanmarSinger #MyanmarCelebrityWedding






