
၂၇. ၄. ၂၀၂၅
Written by MMAK
ဘုန်းမောက် Vs မန်ယူ
မန်ယူအသင်းအတွက် အရေးမကြီးတဲ့ပွဲစဉ်တစ်ခုဖြစ်တာကြောင့် အိမ်ရှင်ဘုန်းမောက်အသင်းကနေ ဘော်ဒီကြေး တစ်လုံးခြောက်ဆယ်စား ပေါက်နေပြီး ဂိုးပေါင်းကြေးကတော့ သုံးလုံးလေးဆယ်စား ဖြစ်ပါတယ်။ ရာသီပြီးဆုံးခါနီးမှာ အမှတ်လိုတဲ့အသင်းတွေက အားထည့်ကန်နေပြီး အမှတ်မလိုတဲ့အသင်းတွေက ပေါ့ပေါ့လျော့လျော့ဘဲ ကစားနေကြပါတယ်။ ဒီပေါက်ကြေးအရဆို မန်ယူအသင်းက ကြားရက်မှာ ကစားရမဲ့ ယူရိုပါလိဂ်ဆီးမီးဖိုင်နယ်ပွဲကို အာရုံပိုစိုက်ထားတယ်ဆိုတာ သိသာပါတယ်။ စပိန်နိုင်ငံအထိသွားပြီး ဘီဘာအိုလိုအသင်းကို ယှဥ်ပြိုင်ကစားရမှာဖြစ်တာကြောင့် ပြင်ဆင်မှုတွေ ပိုလုပ်ထားဖို့ လိုအပ်ပါတယ်။ ဒီပွဲက ဂုဏ်သိက္ခာအရတောင်မဟုတ်ဘဲ အရန်ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကိုတောင် ပွဲထုတ်လာနိုင်ပြီး ပွဲဖြစ်ရုံသာ ကစားလာနိုင်ပါတယ်။ ဘယ်ကြေးပဲပေါက်နေပါစေ မန်ယူကိုပဲ ရွေးချယ်ကြတဲ့ ထိုးသားတွေက ပိုများနေတာကြောင့် မန်ယူအသင်းအနေနဲ့ အရှုံးပေးပြီး ဘွတ်ကီတွေကို လုပ်ကျွေးဦးမှာပါ။ မနေ့ကဆိုရင် နယူးကာဆယ်၊ ဝုဗ်တို့လို့အသင်းတွေ ကြေးတွေအရမ်းတက်သလို ကြေးလည်းအောင်ခဲ့ကြပါတယ်။ ဒီပေါက်ကြေးအရဆို ပွဲဖြစ်ရုံသာကစားလာမဲ့ မန်ယူအသင်းကို အိမ်ရှင်ဘုန်းမောက်အသင်း အနိုင်ရသွားနိုင်တယ်။
လီဗာပူး Vs စပါး
လီဗာပူးအသင်းက ဒီပွဲအနိုင်ရခဲ့ရင် ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ယူလို့ရသလို သရေကျရင်လည်း ဖလားယူလို့ရပါတယ်။ စပါးအသင်းက အမှတ်မလိုတဲ့ ဒီပွဲကို ဂုဏ်သိက္ခာအရသာ ယှဥ်ပြိုင်ကစားလာနိုင်ပြီး ကြာရက်မှာကစားရမဲ့ ယူရိုပါလိဂ် ဆီးမီးဖိုင်နယ်ပွဲကို ပိုအာရုံစိုက်ထားနိုင်ပါတယ်။ ဒီပွဲစဥ်မှာ လီဗာပူးအသင်းက ဘော်ဒီကြေး နှစ်လုံးခြောက်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးကိုးဆယ်စား ပေါက်ပါတယ်။ ရာသီပြီးခါနီးမှာ ပေါက်ကြေးတွေက တော်တော်လေးကို ပြင်းရှနေပြီး အမှတ်မလိုတဲ့အသင်းတွေကို ကြေးပြင်းပြင်းပေါက်တတ်သလို ကြေးပြင်းတိုင်းလည်း အောင်နေကြပါတယ်။ စပါးအသင်းက အားထည့်ကစားမှာ မဟုတ်ပေမဲ့ လီဗာပူးအသင်းအနေနဲ့ မလိုအပ်ဘဲ ကြေးအရမ်းပြင်းပြနေတယ်လို့ ခံစားရပါတယ်။ စပါးအသင်းသာ အားထည့်ပြီး မကစားရင် လီဗာပူးအသင်းအနေနဲ့က သရေကျရင်တောင် ဖလားယူလို့ရနေတာကို ဘာအတွက်ကြောင့်မှ ဂိုးပြတ်တွေ သွင်းဖို့မလိုပါဘူး။ စပါးနဲ့တွေ့တိုင်းလည်း လီဗာပူးအသင်းက ဂိုးပြတ်တွေချည်း အနိုင်ရနေတာကြောင့် အခုပွဲစဥ်မှာလည်း ဂိုးပြတ်တွေ ထပ်သွင်းမယ်ထင်အောင် ထိုးသားတွေကို ပေါက်ကြေးပြင်းပြနေတယ်လို့ ယူဆထားပါတယ်။ လီဗာပူးအသင်းက ကပ်နိုင်လို့ရသလို ဘွတ်ကီအကြိုက်လုပ်စားနေတာတွေ တွေ့နေရတာကြောင့် ဒီကြေးကို ခေါ်ကြေးလို့ ယူဆထားပြီး အောက်အသင်းဖြစ်တဲ့ စပါးဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။

မန်စီးတီး Vs နော်တင်ဟန်ဖောရက်
FA ဖလား ဆီးမီးဖိုင်နယ်ပွဲစဥ်တစ်ခုဖြစ်ပြီး ဝင်ဘလေကွင်းမှာ ယှဥ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ မန်စီးတီးအသင်းက ဘော်ဒီကြေး တစ်လုံးလေးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခုနစ်ဆယ်စား ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နှစ်သင်းလုံးက ခြေမှန်နေကြသလို အသင်းကြီးဖြစ်တဲ့ မန်စီးတီးအသင်းက ကြေးကြောပေးရမှာ မှန်ပေမဲ့ အနည်းငယ်ကြေးပြင်းနေတာကို တွေ့ရပါတယ်။ နှစ်သင်းလုံး အားထည့်ကစားကြမှာဖြစ်ပြီး အသင်းကြီးတွေကို တိုက်ပြန်တိုက်စစ်ကောင်းကောင်း ဒုက္ခပေးတတ်တဲ့ ဖောရက်အသင်းကို ပိုကြိုက်နေပေမဲ့ ကြေးအနည်းငယ်မြင့်နေတဲ့ မန်စီးတီးရဲ့ ပေါက်ကြေးက စဥ်းစားစရာ ဖြစ်ပါတယ်။ သို့ပေမဲ့ နှစ်ဂိုးပြတ်မှ ကြေးအပြည့်စားရမှာ ဖြစ်တာကြောင့် နှစ်ဂိုးပြတ်အနိုင်ရဖို့မလွယ်ဘူးလို့ ထင်ပါတယ်။ ဂိုးပေါင်းကြေးကလည်း အရမ်းပျော့နေတာကြောင့် နှစ်သင်းလုံး ထိန်းကစားပြီး မန်စီးတီးအသင်းက တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားမယ်ဆိုတဲ့ ပေါက်ကြေးမျိုး ဖြစ်ပါတယ်။ ဆီးမီးဖိုင်နယ်ပွဲဖြစ်သလို ခံစစ်ကောင်းတဲ့ ဖောရက်အသင်းကြောင့် သွင်းဂိုးတွေအများကြီး မြင်ရဖို့ ခက်ခဲနိုင်တယ်လို့ ထင်ပါတယ်။ မန်စီးတီးအသင်း မိနစ်ကိုးဆယ်အတွင်းမှာ တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်ရင်နိုင် မနိုင်ရင် သရေကျဖို့များနေပြီး သရေကျရင် အချိန်ပိုနဲ့ ပင်နယ်တီတွေ ကစားရနိုင်တဲ့အချက်ကြောင့် ဒီပွဲက အချိန်ပိုထိရောက်မဲ့ပွဲလို့ ထင်ပါတယ်။ မိနစ်ကိုးဆယ်အတွင်းမှာ သွင်းဂိုးတွေအများကြီး မတွေ့ရနိုင်တဲ့အတွက်ကြောင့် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
ဘိုချမ် Vs ယူနီယံဘာလင်
လက်ကျန်လေးပွဲမှာ တန်းဆင်းဇုန်နဲ့ ဆယ်မှတ်ကွာနေတဲ့ ယူနီယံအသင်းက အမှတ်မလို့တော့ဘူးလို့ ပြောလို့ရပေမဲ့ ဇယားအောက်ဆုံးက ဘိုချမ်အသင်းအနေနဲ့က နိုင်ပွဲရဖို့လိုအပ်နေပါတယ်။ ဘိုချမ်အသင်းအနေနဲ့ ငါးပွဲဆက်ရှုံးထားတာကြောင့် နိုင်ပွဲလိုအပ်နေသလို ဒီပွဲအနိုင်ရထားမှ တန်းဆင်းဇုန်တိုက်ပွဲက ပိုကြည့်ကောင်းမှာ ဖြစ်ပါတယ်။ ဒီပွဲစဥ်မှာ ဘိုချမ်အသင်းက ဘော်ဒီကြေး ပြားလေးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စားဖြစ်ပါတယ်။ ဘိုချမ်အသင်းအနေနဲ့ တန်းဆင်းဇုန်အထက်ကို ရောက်ဖို့မလွယ်ပေမဲ့ တန်းဆင်းဇုန်နေရာက Play-off နေရာကို ရောက်နိုင်သေးတာကြောင့် ဒီပွဲအနိုင်ရဖို့ အားထည့်ကစားပါလိမ့်မယ်။ အိမ်ကွင်းပွဲမှာ အနိုင်မရရင်တောင် မရှုံးနိုင်ဘူးလို့ ယူဆထားပြီး ပြားလေးဆယ်နဲ့အပြည့်နဲ့ရင်းရမယ်လို့ ထင်ပါတယ်။ စနေညမှာ တန်းဆင်းဇုန်က အသင်းနှစ်သင်း အနိုင်ရသွားတာကြောင့် အမှတ်ပေးဇယားအောက်ဆုံးကို ရောက်သွားတဲ့ ဘိုချမ်အသင်းလည်း နိုင်ပွဲရသွားမယ်လို့ ယူဆထားပါတယ်။ ယူနီယံအသင်းက နောက်ဆုံးခြောက်ပွဲဆက် ရှုံးနိမ့်ထားခြင်းမရှိဘဲ ကြေးအောင်လွန်းနေတာကြောင့် ဒီပွဲမှာ ကြေးပြန်ကျလို့ရပါတယ်။ အိမ်ကွင်းမှာ အမှန်အကန်ရုန်းကန်လာမဲ့ ဘိုချမ်အသင်းကို ပြားလေးဆယ်ရင်းပြီး ရွေးချယ်သင့်တယ်လို့ ထင်ပါတယ်။
အင်တာမီလန် Vs ရိုးမား
အင်တာအသင်းက ကြားရက်မှာ အေစီမီလန်အသင်းနဲ့ ကိုပါအီတာလီယာ ဆီးမီးဖိုင်နယ်ပွဲကစားခဲ့ရပြီး ဂိုးပြတ်ရှုံးကာ ထွက်လိုက်ရပါတယ်။ အမှတ်ပေးဖလားမှာလည်း နာပိုလီနဲ့ အမှတ်တူနေပြီး ရာသီကုန်အထိ အားထည့်ကစားရမှာ ဖြစ်သလို ဒီပွဲပြီးရင် ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်ပွဲကို ကစားရဦးမှာ ဖြစ်ပါတယ်။ ပွဲဆက်တွေနဲ့ ပွဲကြပ်တွေများနေတဲ့အပြင် ဒီပွဲစဥ်မှာ နောက်ခံလူ ဘတ်စတွန်နီ၊ ကွင်းလယ်က မစ်ခီတာရန်နဲ့ တိုက်စစ်မှုး မားကပ်သူရမ်တို့ မပါနိုင်တာကြောင့် အနိုင်ရပါ့မလားဆိုတာ စဥ်းစားစရာ ဖြစ်ပါတယ်။ ရိုးမားအသင်းက စီးရီးအေမှာ နောက်ဆုံးဆယ့်ခုနစ်ပွဲဆက် ရှုံးပွဲမရှိထားတဲ့အသင်းမျိုး ဖြစ်တာကြောင့် အင်တာမီလန်အသင်းအနေနဲ့ ခက်ခက်ခဲခဲကစားရဖို့ ရှိနေပါတယ်။ ဒီပွဲစဥ်မှာ အင်တာမိီလန်အသင်းက ဘော်ဒီကြေး တစ်လုံးရှစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စား ဖြစ်ပါတယ်။ လက်ရှိခြေစွမ်းနဲ့ ပေါက်ကြေးအရ အောက်ကြေးတစ်ခုခု အနိုင်ရနိုင်ပြီး စုံပေါ်အောင်ဖို့ မလွယ်ပါဘူး။ အောက်ကြေး နှစ်ခုလုံးတောင် အနိုင်ရသွားနိုင်ပြီး တစ်ဖက်တစ်ဂိုးစီလောက်နဲ့ ပွဲပြီးနိုင်သလို တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဂိုးပေါင်းအောက်ကို ပိုကြိုက်နေပြီး ရိုးမားဘော်ဒီကို အနည်းငယ် ကာကစားသင့်ပါတယ်။