
၂၇.၄.၂၀၂၅.
Translated by Htwe Ko Tun
ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့အနောက်ပိုင်းရှိ ဖရေဆာရပ်ကွက်မှာ ဖိလစ်ပိုင်အသိုင်းအဝိုင်း ဖိလစ်ပိုင်လူမျိုးပြည်သူတွေက သူတို့ရဲ့ Lapu Lapu Day ပွဲတော်အခမ်းအနားကိုကျင်းပဖို့ ဧပြီလ ၂၆ ရက် ည ၈ နာရီအချိန် မြို့ရဲ့နေဝင်ချိန်မှာ စုရုံးရောက်ရှိနေကြခိုက်မှာပဲ SUV အနက်ရောင်ကားတစ်စီးက လမ်းပေါ်ရှိလူအုပ်ထဲကို ဝင်တိုက်ခဲ့တာမှာ လူအများအပြားသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
လူအုပ်ကို ကားနဲ့ဝင်တိုက်ခဲ့တဲ့ အသက် ၃၀ နှစ်ခန့်ရှိယာဉ်မောင်း ဒေသခံ လူတစ်ဦးကိုတော့ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကတော့ ထိုလူက အမှုအတွက် တစ်ဦးတည်းသော သံသယရှိရသူ ဖြစ်ပြီး တခြားဆက်စပ်ပါဝင်မှုမရှိပါဘူးလို့ ပြောခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ အနည်းဆုံး ၉ ဦးသေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရမှုတွေရှိခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က ဆိုပါတယ်။


AFP သတင်းဌာနက ထုတ်လွှင့်တဲ့ ဗီဒီယိုမှာတော့ထိခိုက်ပျက်စီးမှုတွေရှိတဲ့ အနက်ရောင် SUV ကားကိုအပျက်အစီးများပြန့်ကျဲနေတဲ့လမ်းပေါ်မှာရှေးဦးသူနာပြုစုရေးသမားတွေက လမ်းပေါ်လဲနေသူတချို့ကို ပြုစုပေးနေတာရဲ့ မလှမ်းမကမ်းမှာတွေ့ရပါတယ်။
Lapu Lapu Day ပွဲတော်ရဲ့ ဧပြီလ ၂၆ ရက်အခမ်းအနားမှာ ချီတက်ပွဲ၊ ရုပ်ရှင်ပြသပွဲ၊ အကနဲ့ ဂီတ ဖျော်ဖြေပွဲတွေပါ ကျင်းပဖို့စီစဉ်ထားတာပါ။
Lapu Lapu Day ပွဲတော် က ၁၅၂၁ ခုနှစ်မှာ ပေါ်တူဂီလူမျိုး စူးစမ်းရှာဖွေနယ်ချဲ့သူ ဖာဒီနန် မာဂယ်လန်ကို အနိုင်တိုက်နိုင်ခဲ့တ့ ကိုလိုနီဆန့်ကျင်ရေးခေါင်းဆောင် တစ်ဦဲဖြစ်တဲ့ ဖိလစ်ပိုင်တို့ရဲ့ လူမျိုးစု ခေါင်းဆောင် Lapulapu ကို ဂုဏ်ပြုကျင်းပတာဖြစ်ပြီး ဒီနှစ်မှာတော့ ကနေဒါနိုင်ငံရဲ့ရွေးကောက်ပွဲ မတိုင်မီ သီတင်းပတ် အ ကုန်မှာ ကျရောက်ကျင်းပနေတာပါ။
Ref- AFP