



၂၆. ၄. ၂၀၂၅
Written by Nay Moe
NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ PDF တောင်ပိုင်းစစ်ဒေသရဲ့ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ အထူးစစ်ဆင် ရေးတပ်ဖွဲ့ (S.O.F)စစ်ကြောင်း (၁)က စစ်ကြောင်းမှူး ရဲဘော် ဆရာကျောင်း သေဆုံးမှု တစ်နှစ်ပြည့် ကျင်းပခဲ့သလို တပ်ဖွဲ့မှလည်း သေဆုံးကုန်တဲ့ PDF က ၂၀ အထိ ရှိခဲ့တယ်လို့ ဝန်ခံလာပါတယ်။
S.O.F စစ်ကြောင်း (၁) စစ်ကြောင်းမှူး၊ တပ်ဖွဲ့ရဲ့ စစ်ဆင်ရေးမှူး ရဲဘော်ဆရာကျောင်းနဲ့ ရဲဘော် ကုလားကြီး၊ ကိုဟိန်း၊ မိုက်တီးတို့ လေးဦးဟာ ဘုရားသုံးဆူမြို့အနီး တောင်စွန်းစခန်းသိမ်းတိုက်ပွဲ ၂၀၂၄ ခုနှစ် ဧပြီ ၂၅ ရက်မှာ သေဆုံးခဲ့ရပြီး၊ အခြားသေဆုံး PDF တွေ အပါအဝင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် သေဆုံး ရဲဘော် ၂၀ ဦးအထိ ရှိတယ်လို့ အခုမှ အသိပေးလာပြီး အရင်တုန်းကတော့ PDF သေဆုံးမှုတွေ ဖုံးကွယ်ခဲ့တာပါ။
သေဆုံးသူ ဆရာကျောင်းဟာ နွေဦးတော်လှန်ရေး စတဲ့အချိန်က မြို့ပြစစ်ဆင်ရေးအဖြစ် ပျံလွှားအောင်စစ်ဆင်ရေး၊ နန်းထိုက်အောင် စစ်ဆင်ရေး၊ ကျေးလက် စခန်းသိမ်းတိုက်ပွဲများမှာ ဦဆောင်ပေးခဲ့တဲ့ စစ်ဆင်ရေးမှူး တစ်ဦးဖြစ်ပြီး တိုက်ပွဲအတွင်း သေကုန်တဲ့ PDF တွေရဲ့ ရုပ်အလောင်းကို ပြန်လည်ရယူခဲ့ပြီးအမိန့်ပြန်ပေးတာ၊ ဘာသာရေး အရ လိုအပ်တာကို လုပ်ကိုင်ဆောင်ရွက်ပေးခဲ့သူလို့လည်း ဆိုပါတယ်။