
၂၆. ၄. ၂၀၂၅
Written by MMAK
ချဲလ်ဆီး Vs အဲဗာတန်
ချဲလ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေးအတွက် အရေးကြီးတဲ့ ပွဲစဉ်တစ်ခုဖြစ်တာကြောင့် ပေါက်ကြေးတွေ အနည်းငယ်တက်လာတာကို တွေ့
ရပါတယ်။ ရာသီပြီးဆုံးဖို့ ငါးပွဲသာကျန်ရှိတော့တာ ဖြစ်ပြီး အခုကစားမဲ့ အဲဗာတန်အသင်းနဲ့ ပွဲစဉ်ပြီးရင် လီဗာပူး၊ နယူးကာဆယ်၊ မန်ယူနဲ့ ဖောရက်အသင်းတို့လို အသင်းကောင်းတွေနဲ့ ကစားရမှာ ဖြစ်တာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ ရမှတ်အပြည့် မရနိုင်တဲ့ ပွဲစဉ်တွေ ပါဝင်နေတယ်လို့ ပြောလို့ရပါတယ်။ အဲဗာတန်အသင်းကတော့ အမှတ်မလိုတော့ပေမဲ့ ခြေစွမ်းကောင်းနေတယ်လို့ ပြောလို့ရသလို နောက်ဆုံးခုနစ်ပွဲဆက်ကို ဂိုးအောက်တွေချည်း ကစားထားပါတယ်။ ဒီပွဲစဉ်မှာ ချဲလ်ဆီးအသင်းက ဘော်ဒီကြေး တစ်လုံးသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်စား ဖြစ်ပါတယ်။ လက်ကျန်လေးပွဲမှာ ပွဲကြပ်တွေချည်းကစားရမဲ့ ချဲဆီးလ်အသင်းအနေနဲ့ အခုကစားမဲ့အိမ်ကွင်းပွဲမှာ အနိုင်ရအောင် အားထည့်ကစားပါလိမ့်မယ်။ တစ်လုံးသုံးဆယ်အရှုံးဆိုတဲ့ ဘော်ဒီကြေးမှာ အနိမ့်ဆုံးတစ်ဂိုးအသာလောက်နဲ့ အနိုင်ရဖို့ရှိနေပြီး ပြားသုံးဆယ်နဲ့အပြည့်နဲ့ ရင်းရမယ်လို့ထင်ပါတယ်။ ချဲလ်ဆီးခံစစ်က အားနည်းတာကြောင့် အဲဗာတန်အသင်း ဂိုးပြန်ရနိုင်တဲ့ အနေအထားမျိုးကိုလည်း တွေ့ရပါတယ်။ ခုနစ်ပွဲဆက် ဂိုးအောက်ထားတဲ့ အဲဗာတန်အသင်းကြောင့် ထိုးသားအများစု ဂိုးအောက်ကိုရွေးချယ်လာနိုင်တဲ့အတွက် ဂိုးပေါ်ကိုလည်း အနည်းငယ်ကြိုက်ပါတယ် ။ ဒီပွဲမှာ ချဲလ်ဆီးတိုက်စစ်က အနိမ့်ဆုံးအနေနဲ့ နှစ်ဂိုးလောက်ရမယ်လို့ သုံးသပ်ထားတဲ့အတွက် ချဲလ်ဆီးဘော်ဒီနဲ့ ဂိုးပေါ်ကို စုံပေါ်ကစားဖို့ ရွေးချယ်ပေးချင်ပါတယ်။
နယူးကာဆယ် Vs အချ်ဆွတ်
အချ်ဆွတ်အသင်းအတွက် တရားဝင်တန်းဆင်းရဖို့ ကြေညာရမဲ့ ပွဲစဥ်တစ်ခုဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အသည်းအသန်ကြိုးစားနေတဲ့ နယူးကာဆယ်အသင်းအတွက်ကတော့ သေချာပေါက်အနိုင်သုံးမှတ်ရယူရမဲ့ ပွဲစဥ်တစ်ခုဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာက နယူးကာဆယ်အသင်းရဲ့ ပေါက်ကြေးဖြစ်ပြီး ဘော်ဒီကြေး နှစ်လုံးလေးဆယ်အရှုံးနဲ့ ဂိုးပေါင်းကြေး လေးလုံးကိုးဆယ်စားဆိုပြီး ကြေးပေါက်နေပါတယ်။ ဘော်ဒီကြေးက ပေးသင့်တာထက် နှစ်ဆလောက်ဖြစ်နေတာကို တွေ့ရပြီး နယူးကာဆယ်အသင်းရဲ့ လက်ရှိခြေစွမ်းကောင်းမွန်မှု၊ ချန်ပီယံဝင်ခွင့်ရဖို့အတွက် အရေးကြီးမှုနဲ့ အချ်ဆွတ်အသင်းရဲ့ အမှတ်မလိုတော့တဲ့ အခြေအနေတွေကြောင့် ဖြစ်မယ်ထင်ပါတယ်။ သို့ပေမဲ့ ဘယ်လိုအခြေအနေဘဲ ဖြစ်နေပါစေဦး ဒီကြေးပေးတာက အရမ်းပြင်းလွန်းတယ်လို့ ပြောရမှာ ဖြစ်ပြီး နယူးကာဆယ်အသင်းရဲ့ အနိုင်က အနိမ့်ဆုံးနှစ်ဂိုးအသာလောက်ကနေ စကြည့်ရမယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ သို့ပေမဲ့ အချ်ဆွတ်အသင်းသာ တစ်ဂိုးလောက်ရသွားရင် လေးဂိုးသွင်းမှ ကြေးအောင်မှာ ဖြစ်တဲ့ နယူးကာဆယ်အသင်းကို မကြိုက်ပါဘူး။ ပေါက်ကြေးအရမ်းမြင့်နေတာကို တွေ့ရပေမဲ့ အောက်အသင်းဖြစ်တဲ့ အချ်ဆွတ်ဘော်ဒီကို ရွေးချယ်ပေးချင်ပြီး ဂိုးပေါ်ကို အနည်းငယ် ကာကစားစေချင်ပါတယ်။
ဘရိုက်တန် Vs ဝက်စ်ဟမ်း
ပရီးမီးယားလိဂ်ကလပ်တွေသာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ကွန်းဖရန့်လိဂ်တွေမှာ ဗိုလ်စွဲခဲ့ရင် ဘရိုက်တန်အသင်းက နောက်ရာသီမှာ ဥရောပဝင်ခွင့်ရနိုင်ပါတယ်။ တန်းဆင်းဇုန်အထက်နားက ဝက်စ်ဟမ်းအသင်းကတော့ အမှတ်မလိုတော့ဘူးဆိုပေမဲ့ ဂုဏ်သိက္ခာအရ အားထည့်ကစားလာဦးမှာပါ။ ဒီပွဲစဥ်မှာ ဘရိုက်တန်အသင်းက ဘော်ဒီကြေး တစ်လုံးလေးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စား ပေါက်ပါတယ်။ နောက်ဆုံးခြောက်ပွဲဆက် နိုင်ပွဲမရထားတဲ့ ဘရိုက်တန်အသင်းအနေနဲ့ အခုကစားမဲ့ အိမ်ကွင်းပွဲမှာ အနိုင်ရအောင် ကစားလာနိုင်တာမှန်ပေမဲ့ ပေါက်ကြေးအရ နှစ်ဂိုးပြတ်နိုင်ပါ့မလားဆိုတာ စဥ်းစားရမှာပါ။ ဒီပွဲစဥ်မှာ ဝက်စ်ဟမ်းတိုက်စစ်က တစ်ဂိုးလောက်ရသွားနိုင်တယ်လို့ သုံးသပ်ထားတဲ့အတွက် ဘရိုက်တန်အသင်းအနေနဲ့ သရေကျသွားနိုင်သလို နိုင်ခဲ့ရင်တောင် တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားမယ်လို့ ထင်ပါတယ်။ တစ်လုံးလေးဆယ်စားဆိုတဲ့ ဘော်ဒီကြေးမှာ အောက်အသင်းတွေ ကြေးအောင်တတ်သလို သုံးလုံးသုံးဆယ်စားဆိုတဲ့ ဂိုးပေါင်းကြေးကတော့ အဝေးကွင်းဝက်စ်ဟမ်းအသင်း ဂိုးရနိုင်တယ်ဆိုတဲ့ ပေါက်ကြေးတွေ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ပြားလေးဆယ်ရင်းပြီး အောက်အသင်းဖြစ်တဲ့ ဝက်စ့ဟမ်းဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။





ဆောက်သမ်ပ်တန် Vs ဖူဟမ်
ဇယားအောက်ဆုံးက ဆောက်သမ်ပ်တန်အသင်းအနေနဲ့ တန်းဆင်းသွားရပြီဖြစ်ပေမဲ့ ဂုဏ်သိက္ခာအရတော့ ယှဥ်ပြိုင်ကစားဦးမှာပါ။ ပရီးမီးယားလိဂ်အသင်းတွေ ဥရောပဖလားတွေမှာ ဗိုလ်စွဲခဲ့ရင် ဖူဟမ်အသင်းအနေနဲ့ ဥရောပဝင်ခွင့်ရနိုင်တဲ့အတွက် အနိုင်ရအောင်ကစားထားဖို့လိုပါတယ်။ ဒီပွဲစဥ်မှာ ဖူဟမ်အသင်းက ဘော်ဒီကြေး တစ်လုံးနှစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ဖြစ်ပါတယ်။ ဒီလိုဘော်ဒီကြေးတွေက အောက်ကြေးစားတတ်ပြီး အနိုင်ရခဲ့ရင်တောင် တစ်ဂိုးထပ်မပိုတဲ့ ပေါက်ကြေးမျိုးဖြစ်သလို ဂိုးပေါင်းကြေးကလည်း ဂိုးအောက်တွေ အဖြစ်များပါတယ်။ ဆောက်သမ်ပ်တန်တိုက်စစ်က တစ်ဂိုးရဖို့တောင် ခက်ခက်ခဲခဲ ရုန်းကန်နေရချိန်မှာ ဖူဟမ်အသင်းရဲ့ ဘော်ဒီကြေးက ကပ်နိုင်ရုံလောက်ပဲ ပေါက်နေတာဖြစ်တဲ့အတွက် လေးဂိုးလောက်ထိ သွင်းပြီး ဂိုးပေါ်ဖို့ဆိုတာ တကယ်မလွယ်ပါဘူး။ ဖူဟမ်အသင်းက အသင်းကြီးတွေကိုသာ ဒုက္ခပေးတတ်ပေမဲ့ အသင်းငယ်တွေနဲ့ဆိုရင် ဘာလုပ်ချင်မှန်းမသိတဲ့ ကစားကွက်နဲ့ ပေါ့ပေါ့လျော့လျော့ကစားတတ်ပါတယ်။ ဒီပေါက်ကြေးက အောက်စုံကစားရမှာ ဖြစ်ပြီး ဖူဟမ်အသင်းအနေနဲ့ လေးဂိုးလောက်သွင်းပြီး စုံအောင်နိုင်စရာ အကြောင်းမရှိပါဘူး။ အနည်းဆုံး အောက်တစ်ကွက်ပြန်စားရဖို့ ရှိနေပြီး ကံကောင်းရင် နှစ်ခုလုံးတောင် အနိုင်ရနိုင်ပါတယ်။ ဒီအတွက်ကြောင့် အောက်စုံရွေးချယ်မှုအဖြစ် ဆောက်သမ်ပ်တန်ဘော်ဒီနဲ့ ဂိုးအောက်ကို ရွေးချယ်ပေးချင်ပါတယ်။
ဝုဗ် Vs လက်စတာ
နောက်ဆုံးငါးပွဲဆက် အနိုင်ရထားတဲ့အပြင် မန်ယူနဲ့စပါးတို့လို့အသင်းတွေကိုတောင် အနိုင်ရထားတဲ့ ဝုဗ်အသင်းရဲ့ ခြေစွမ်းက အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်။ လက်စတာအသင်းကတော့ တန်းဆင်းသွားရပြီဖြစ်သလို ခြေစွမ်းနဲ့စိတ်ဓာတ်ပိုင်းက တော်တော်ကို ဆိုးရွားနေပါတယ်။ ဒီပွဲစဥ်မှာ ဝုဗ်အသင်းက ဘော်ဒီကြေး တစ်လုံးနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စား ဖြစ်ပါတယ်။ ဝုဗ်အသင်းရဲ့ ဘော်ဒီကြေးက ပြားရှစ်ဆယ်လောက်ထိ မြင့်မားနေတာကို တွေ့ရပြီး အနိမ့်ဆုံး တစ်ဂိုးအသာလောက်နဲ့ အနိုင်ရမယ်ဆိုတဲ့ ပေါက်ကြေးမျိုးဖြစ်ပါတယ်။ ပေါက်ကြေးပြင်းနေသလို ခြေစွမ်းကောင်းနေတဲ့ ဝုဗ်အသင်းကို ထိုးသားအများစုရွေးချယ်လာနိုင်တဲ့အချက်ကို သတိထားရမှာ ဖြစ်ပေမဲ့ ပုံစံကောင်းရနေတဲ့ အသင်းတစ်သင်းကို ငြင်းပယ်ပြီး စုတ်ပျက်နေတဲ့ အသင်းမျိုးကို ရွေးချယ်ဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ပေါက်ကြေးပြင်းနေတဲ့ ဝုဗ်အသင်းအနေနဲ့ အနိမ့်ဆုံးတစ်ဂိုးအသာနဲ့ အနိုင်ရမယ်လို့ ယူဆထားတဲ့အတွက် ပြားနှစ်ဆယ်ရင်းပြီး ဝုဗ်ဘော်ဒီကိုပဲရွေးချယ်ပေးချင်ပါတယ်။

ဘာစီလိုနာ Vs ရီးရဲမက်ဒရစ်
စပိန်ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲဖြစ်သလို ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး အက်ကလက်စီကိုဒါဘီလည်း ဖြစ်ပါတယ်။ နောက်ပိုင်းပွဲစဥ်တွေမှာ ရီးရဲအသင်းရဲ့ ခြေစွမ်းက အနည်းငယ်ကျဆင်းနေတာကို တွေ့ရပေမဲ့ ဘာစီလိုနာအသင်းရဲ့ခြေစွမ်းကတော့ အရမ်းကို ကောင်းနေပါတယ်။ အမှတ်ပေးပွဲကစားခဲ့တုန်းက ရီးရဲအသင်းက အိမ်ကွင်းမှာ လေးဂိုးပြတ်ရှုံးခဲ့သလို စူပါကပ်ဖလားပွဲမှာလည်း ငါးဂိုးနှစ်ဂိုးနဲ့ ဂိုးပြတ်တွေချည်း ရှုံးခဲ့ပါတယ်။ ဒီပွဲစဥ်မှာ ဘာစီလိုနာအသင်းက ဘော်ဒီကြေး ပြားသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်အရှုံးဖြစ်ပါတယ်။ ကြားကွင်းကစားရမှာ ဖြစ်ပေမဲ့ ခြေစွမ်းပိုကောင်းတဲ့ ဘာစီလိုနာအသင်းအနေနဲ့ ပေါက်ကြေးကို ဒီထပ်ပိုပြီးပေးသင့်တယ်လို့ ထင်ပါတယ်။ တိုက်စစ်မှူးလီဝမ်ဒေါစကီး မပါနိုင်ပေမဲ့ အစားထိုးကစားနိုင်တဲ့သူတွေ ရှိတာကြောင့် ဘာစီလိုနာအသင်းရဲ့ ကစားပုံက ကျဆင်းသွားစရာ အကြောင်းမရှိတာကြောင့် ကြေးပိုပေးသင့်တယ်လို့ ပြောရတာဖြစ်ပါတယ်။ အမှတ်ပေးဖလားမှာ လေးမှတ်ပြတ်နေတဲ့ ရီးရဲအသင်းအနေနဲ့ လက်ကျန်ငါးပွဲမှာ ရုန်းကန်ရဖို့ရှိနေပါတယ်။ ချန်ပီယံလိဂ်က ထွက်ခဲ့ရသလို စူပါကပ်ဖလားမှာလည်း ရှုံးနိမ့်ခဲ့တဲ့ ရီးရဲအသင်းအနေနဲ့ ဒီဖလားနဲ့ မသေချာသေးတဲ့ အမှတ်ပေးဖလားဘဲ ရစရာရှိပါတယ်။ ရီးရဲနည်းပြ အန်စလော့တီအနေနဲ့ ဖလားလက်မဲ့ရာသီကို မကြုံတွေ့ချင်ရင် ဒီဖလားကို ရယူထားဖို့ လိုအပ်နေပါတယ်။ အမှတ်ပေးဖလားကို ဘာစီလိုနာအသင်း ရနိုင်ဖို့များတာကြောင့် ဒီဖလားကိုတော့ ရီးရဲအသင်းရသွားမယ်လို့ ယူဆထားပါတယ်။ ဒီအတွက်ကြောင့် ရီးရဲအသင်းကို ရွေးချယ်ပေးချင်ပါတယ်။