
၂၆.၄.၂၀၂၅
Translated by Htwe Ko Tun
ရုရှားနိုင်ငံရဲ့ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးအေဂျင်စီက ရုရှားစစ်ဗိုလ်ချုပ်တစ်ဦး ဧပြီလ ၂၅ ရက်က ကားဗုံးခွဲလုပ်ကြံခံခဲ့ရပြီး ဒါက ရုရှားအစိုးရအနေနဲ့ ယူကရိန်းတို့ရဲ့လက်ချက်လို့ ပြောခဲ့တဲ့ လေးလတာကာလအတွင်း ဒုတိယမြောက်ရုရှားထိပ်တန်းစစ်အရာရှိတစ်ဦးကို လုပ်ကြံခံခဲ့ရမှုလည်း ဖြစ်ခဲ့ပါတယ်။
စုံစမ်းရေးကော်မတီက လုပ်ကြံခံခဲ့ရတဲ့ ဗိုလ်ချုပ် ယာရိုဆလက်ဗ် မော့စ်ခါလစ်ခ်ဟာ အဓိကစစ်ဆင်ရေးဦးစီးဌာနရဲ့ ဒုတိယအကြီးအကဲဖြစ်ပြီး မြို့တော်မော်စကိုဒေသအတွင်းမှာပါတဲ့ ဗလာရှီခါမြို့မှာ သူ့ရဲကားအတွင်းပေါက်ကွဲစေနိုင်တဲ့ပစ္စည်းတစ်ခု ထည့်သွင်းလုပ်ကြံခံခဲ့ရတာလို့ ပြောခဲ့ပါတယ်။
စုံစမ်းရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဆဗက်လာနာ ပီထရန်ကိုက ဖောက်ခွဲရေးပစ္စည်းကို ဗုံးဆံအစအနတွေနဲ့ လုပ်ခဲ့တာလို့ ပြောခဲ့ပါတယ်။ ကော်မတီက သံသယရှိသူတွေကို ထုတ်ဖော်မပြောကြားခဲ့ပေမယ့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာကတော့ ဒီလုပ်ကြံမှုမှာ ယူကရိန်းထောက်လှမ်းရေးက ပါဝင်ပတ်သက်နေတယ်လို့ပြောခဲ့ပါတယ်။
ယူကရိန်းအာဏာပိုင်တွေကတော့ တစ်စုံတစ်ရာဝေဖန်ပြောကြားတာ မရှိသေးပါဘူး။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်ကလည်း ရုရှား ဒုတိယဗိုလ်ချုပ်ကြီး အီဂေါ ကီရီလော့ဗ်ဟာ အလုပ်သွားဖို့အထွက်မှာ သူ့ရဲ့တိုက်ခန်းတွဲရှေ့ ဆိုင်တကယ်တစ်စီးအတွင်းက ဗုံးပေါက်ကွဲပြီးသေဆုံးခဲ့ရပါတယ်။ ဒီတုံးကလည်း ယူကရိန်းထောက် လှမ်းရေးလက်ချက်ဆိုတာ ရုရှားကပြောခဲ့ပါတယ်။
အခုအမှုမှာစုံစမ်းစစ်ဆေးမှုအတည်ပြုပြီးရင် ယူကရိန်းအစိုးရရဲ့ပါဝင်မှုကို ကမ္ဘာကိုချပြသွားမယ်လို့ ဇာခါရိုဗာက ဆက်လက်ပြောခဲ့ပါတယ်။
Ref- AP

