
၂၆.၄.၂၀၂၅
Written By Thandar
အဆိုတော် ဒေါက်တာမလေး နေခြည်လင်းလဲ့ကတော့ ချစ်သူကောင်လေးက လက်ထပ်ခွင့် တောင်းခံလိုက်ရပြီးနောက် မေလ ၁ ရက်မှာ မင်္ဂလာပွဲကျင်းပသွားမှာလည်း ဖြစ်ပါတယ်။
“သိပေမယ့် မသိချင်ယောင်ဆောင်ခဲ့ရတဲ့ နေ့လေးပေါ့ကွယ်… No ပြောရင် စိတ်ဆိုးမှာလားဆိုတော့ ခေါက်ခံရမယ်တဲ့ ဆိုလို့လေ… I Said Yes to annoy him his whole life ”လို့ အဆိုတော် နေခြည်လင်းလဲ့က ပြောပါတယ်။
သူမကတော့ ငယ်ရွယ်စဉ်အချိန်က ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေရခဲ့ပေမယ့်လည်း ကိုယ့်ဘဝ ရည်မှန်းချက် ရပ်တည်ရေးအတွက် ပညာရေးပိုင်းမှာ ဦးစားပေးလုပ်ခဲ့သူလည်းဖြစ်ပါတယ်။ နေခြည်လင်းလဲ့ကတော့ “ရင်ခုန်သံ စကားလေးတစ်ခွန်း” Music Video ကို ထွက်ရှိခဲ့ပြီး အဆိုတော်ရဲလေးရဲ့ MTV တစ်ပုဒ်မှာ ပါဝင်သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
ချစ်သူ ဒေါက်တာမင်းခန့်စိုးနဲ့ မင်္ဂလာဧည့်ခံပွဲကိုတော့ လာမယ့် မေလ ၁ ရက် နေ့လယ်ပိုင်းမှာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ Novotel Yangon Max Hotel မှာ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။
#နေခြည်လင်းလဲ့ #NayChiLynnLei #MyanmarSinger #DrNayChiLynnLei #MyanmarCele





