
၂၄. ၄. ၂၀၂၅
Translated by Thettant
ဧပြီ ၂၁ ရက်က ကွယ်လွန်အနိစ္စရောက်ရှိသွားတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ စျာပနကို ICC က ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ရုရှားသမ္မတပူတင် တက်ရောက်ခဲ့မယ်ဆိုရင်လည်း အီတလီနိုင်ငံက ဖမ်းဆီးမှာ မဟုတ်ဘူးလို့ ဒေသတွင်းသတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။
ကက်သလစ်ခရစ်ယာန် ဘာသာဝင် ၁ ဒသမ ၄ ဘီလျံနီးပါးရဲ့ အကြီးအကဲဖြစ်ပြီး အာဂျင်တီးနားနိုင်ငံသား ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ သက်တော် ၈၈ နှစ်အရွယ်မှာ ကွယ်လွန်အနိစ္စရောက်ခဲ့တာပါ။ သူ့စျာပနာကို စနေနေ့မှာ ကျင်းပမှာဖြစ်ပြီး ကမ္ဘာ့နိုင်ငံများစွာက ခေါင်းဆောင်တွေ တက်ရောက်ကြမှာပါ။
ဒီလို တက်ရောက်တဲ့အခါ ရုရှားသမ္မတပူတင်ဟာ ယူကရိန်းစစ်ပွဲကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးက ဖမ်းဝရမ်းထုတ်ခံထားရပြီး ဒီလိုဖမ်းဝရမ်းကြောင့်ပဲ ICC အဖွဲ့ဝင်နိုင်ငံ အီတလီက ပူတင်ကို ဖမ်းဆီးဖို့ တာဝန်ရှိလာတာပါ။
ပုပ်ရဟန်မင်းကြီးစျာပနကျင်းပမဲ့ ဗာတီကန်နန်းတော်ဟာ အီတလီနိုင်ငံမှာတည်ရှိလို့ စျာပနကို ပူတင်တက်မယ်ဆို အီတလီနိုင်ငံကို လာရောက်ရမှာဖြစ်ပေမဲ့ အီတလီအစိုးရဟာ ICC ရဲ့ ဖမ်းဝရမ်းကို တရားရေးအာဏာပိုင်တွေဆီ လွှဲပြောင်းမပေးဖို့ ဆုံးဖြတ်ခဲ့ပုံရပြီး ဒါကြောင့် အဲဒီစာရွက်စာတမ်းဟာ အီတလီနိုင်ငံမှာ ပျက်ပြယ်သွားခဲ့သလို အီတလီအစိုးရကလည်း ရုရှားသမ္မတအနေနဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ စျာပနကို တက်ရောက်မယ်ဆိုလည်း အီတလီနိုင်ငံက ဖမ်းဆီးမှာမဟုတ်ဘူးလို့ သတင်းလွှင့်လာတာပါ။
Ref, RT