
၂၄. ၅. ၂၀၂၅
Translated by Thettant
မီဇိုရမ်ပြည်နယ်၊ လန်းလဲ့ခရိုင်မှာ မြန်မာနိုင်ငံသား ချင်းသားအမိနှစ်ဦးကို ရူပီး သိန်း ၆၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူတွေနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ မူးယစ်ဆေးဝါး သယ်လာသူ ချင်းလူမျိုးသားအမိကို အာသံရိုင်ဖယ်နဲ့ မီဇိုရမ်ရဲ ပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၂၂ ရက်နေ့မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။
ဘိန်းဖြူနဲ့အတူ ဖမ်းမိသူတွေက စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းဒေသက အသက် ၄၂ နှစ်အရွယ် ချင်းအမျိုးသမီး Malsawmzuali နဲ့ သူမရဲ့သားဖြစ်သူ Lalbiakliana အသက် ၂၃ နှစ်တို့ဖြစ်ပါတယ်။
ချင်းလူမျိုးသားအမိ သယ်ဆောင်လာတဲ့ ဘိန်းဖြူတွေက အလေးချိန်အားဖြင့် ၉၀ ဒသမ ၄၅ ဂရမ်အလေးချိန်ရှိပြီး ကာလပေါက်စျေး ရူပီး ၆၃ ဒသမ ၃၁၅ သိန်း တန်ဖိုးရှိတယ်လို့ သိရပြီး လက်ရှိမှာတော့ သူတို့သားအမိကို ဆက်လက် စစ်ဆေးအရေးယူနေတယ်လို့ သိရပါတယ်။


