
MT News
၂၄. ၄. ၂၀၂၅
ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါးကို မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့အတွက် လူငယ်တွေ လာရောက်ပူးပေါင်းကြဖို့ ဟားခါးမြို့အခြေစိုက် ချင်းလက်နက်ကိုင် PDF တပ်ဖွဲ့ဖြစ်တဲ့ CDF Hakha က ထုတ်ပြန်ချက်ထုတ် ဖိတ်ခေါ် လှုံ့ဆော်နေပါတယ်။
မိဘတွေအနေနဲ့လည်း ဟားခါးမြို့သိမ်းတိုက်ပွဲမှာ သင်တို့ကလေးတွေ ပါဝင်ဖို့ တိုက်တွန်းကြဖို့လည်း CDF Hakha က လှုံ့ဆော်နေသလို လူငယ်တွေအနေနဲ့လည်း CDF Hakha မှာ အချိန်ပြည့်တပ်ဖွဲ့ဝင်အဖြစ်ပါဝင်နိုင်သလို အချိန်ပြည့်မပါဝင်နိုင်ရင်လည်း အရန်တပ်ဖွဲ့ဝင်အဖြစ်ပါဝင်နိုင်တယ်လို့လည်း CDF Hakha က ဆိုပါတယ်။
ချင်းပြည်နယ်မှာ မြို့တော်ဟားခါး၊ ထန်တလန်နဲ့ တီးတိန်ကိုသာ တပ်မတော်က ထိန်းချုပ်ထားနိုင်ပြီး ကျန်တဲ့ ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ဖလမ်း၊ ကျင်ဒွေး၊ မကွီအိမ်နူး၊ရိခေါဒါရ်၊ ဆူရ်ခွား၊ တွန်းဇံ၊ နာရ်ဟရိန်၊ လိုင်လင်းပီနဲ့ ရေဇွာမြို့အများစုကို ချင်းလက်နက်ကိုင်တွေက သိမ်းပိုက်ထိန်းချုပ်သွားပြီဖြစ်သလို ပလက်ဝမြို့နယ်ကိုတော့ ရခိုင်လက်နက်ကိုင် AA က သိမ်းယူ ထိန်းချုပ်ထားပါတယ်။


