
၂၃. ၄. ၂၀၂၅
Written by Nyein Kyaw
ငလျင်ဘေးဒဏ်ကြောင့် မြန်မာနိုင်ငံကူးလက်မှတ် (Passport) ရုံးများ၌ လက်တလောတွင် QR Code တင်မရသေးသော်လည်း မကြာမီရက်ပိုင်းအတွင်း ပြန်လည်ရရှိမည်ဖြစ်ပြီး QR Code ရရှိပြီးသူများအား ပုံမှန်အတိုင်း ဆောင်ရွက်ပေးနေသလို ကျန်းမာရေး/ပညာရေး စသည့် အရေးပေါ်ကိစ္စရပ်များအတွက် Green Channel ဖြင့် ဆောင်ရွက်ပေးနေကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့တွင် ဖြေကြားထားသည်။
လက်ရှိတွင် ငလျင်ဘေးဒဏ်ကြောင့် မြန်မာနိုင်ငံကူးလက်မှတ် (Passport) ရုံးသို့ QR Code တင်၍မရဖြစ်နေများနှင့် ပတ်သက်ပြီး QR Code တင်မရသည်ကို မည်သည့်နည်းလမ်းဖြင့် မြန်မာနိုင်ငံကူးလက်မှတ် (Passport) ပြုလုပ်ခွင့်ရရှိရေး ဆောင်ရွက်ပေးနိုင်မည်ကို မီဒီယာများက မေးမြန်းမှုအပေါ် SAC သတင်းထုတ်ပြန်ရေးအဖွဲ့က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
SAC သတင်းထုတ်ပြန်ရေးအဖွဲ့၏ ဖြေကြားချက်အပြည့်အစုံမှာ “ယခင် QR တင်ထားသူများ ၆ လပိုင်းထိရှိသဖြင့် ယင်းတို့ကို ပုံမှန်အတိုင်းထုတ်ပေးနေပါသည်။ ကျန်းမာရေး/ပညာရေး စသည့်အရေးပေါ်ဖြစ်ပါက စိစစ်ပြီး Green channel ဖြင့်ဆောင်ရွက်ပေးပါသည်။ QR မကြာမီရက်ပိုင်းအတွင်း ပြန်ရပါမည်။” ဟု ပြန်လည်ဖြေကြားခဲ့သည်။