


၂၃.၄.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်အတွင်းမှာ ဧပြီလ ၂၂ ရက်က လျင်မြန်လှတဲ့ တောမီး လောင်ကျွမ်းမှုတစ်ရပ် စတင်ဖြစ်ပွားခဲ့တာကြောင့် ဒေသအတွင်းနေထိုင်ကြတဲ့ လူထောင်နဲ့ချီလို့ ရွှေ့ ပြောင်းနေရာချထားခဲ့ရပြီး အဓိကကျတဲ့ အဝေးပြေးလမ်းမကြီးတစ်ခုကိုလည်း ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။
နယူးဂျာစီပြည်နယ်ရဲ့ အဝေးပြေးလမ်းမကြီးတွေအနက် တစ်ခုဖြစ်တဲ့ Garden Stete Parkway ကို ဘာ နီဂတ်နဲ့ လာဆေးမြို့နယ်တွေအတွင်း ပိတ်ထားခဲ့ရတယ်လို့ နယူးဂျာစီပြည်နယ် မီးသတ်တပ်ဖွဲ့က ပြောခဲ့ပါတယ်။
အဆောက်အအုံ ၁,၃၀၀ ကျော်ဟာလည်း တောမီး လောင်ကျွမ်းမှုကူးစက်နိုင်တဲ့ ခြိမ်းခြောက်မှုကို ကြုံနေရ ပြီး လူ ၃,၀၀၀ လောက်ကိုလည်း ရွှေ့ပြောင်းနေရာချထားရပါတယ်။ ယာယီတဲတွေကို အထက်တန်း ကျောင်းတွေမှာ ဖွင့်လှစ်ထားရတယ်လို့ ဘာနီဂတ်မြို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
တောမီးက မြေ ၁၃ ဒသမ ၂ စတုရန်းမိုင်(၃၄ ဒသမ ၂ စတုရန်း ကီလိုမီတာ) လောင်ကျွမ်းသွားခဲ့ပြီလို့ မီး သတ်တပ်ဖွဲ့က ပြောခဲ့ပါတယ်။ အိုရှင်းနဲ့ လာဆေး ခရိုင်တို့မှာ လောင်ကျွမ်းနေတဲ့တောမီးကို ဧပြီလ ၂၂ ရက် ညအထိ ၁၀ ရာခိုင်နှုန်းသာ ထိန်းချုပ်နိုင်သေးတယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ မီးကြောင့်ထိ ခိုက်ဒဏ်ရာရသူတွေရှိတယ်လို့တော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။
အဆိုပါလောင်ကျွမ်းမှုက ဒေသအတွင်း တစ်ပတ်မပြည့်ခင်မှာကို ဒုတိယမြောက် အဓိက တောမီးလောင် ကျွမ်းမှုလို့ သိရပါတယ်။
Ref- AP