
၂၃. ၄. ၂၀၂၅
Written by Nay Moe
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အခွန် (PSC) ကို ပြည်ပခရီးစဥ်အတွက် ၂၅ ဒေါ်လာနှင့် ပြည်တွင်းခရီးစဥ်အတွက် ကျပ် ၁၅၀၀၀ တိုးမြှင့်ကောက်ခံလိုက်ပြီး မေလ ၁၂ ရက် မတိုင်မီ လက်မှတ်ဝယ်ထားသူများပါ ထပ်မံပေးဆောင်ရမည်ဖြစ်သည်ဟု Yangon International Airport (YIA) က ကြေညာထားသည်။
မေလ ၁၂ ရက်မှ စတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည့် ခရီးသွားဧည့်သည်များအားလုံး Check-in တွင် လေဆိပ်အခွန်အဖြစ် ပြည်ပခရီးစဉ်များအတွက် ၂၅ ဒေါ်လာနှင့် ပြည်တွင်းခရီးစဉ်များအတွက် ၁၅၀၀၀ ကျပ် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေး အကြောင်းကြားထားပြီး မေလ ၁၂ ရက်နေ့နှင့် မေလ ၁၂ ရက်နောက်ပိုင်း ခရီးသွားရန် လက်မှတ်ကြိုတင်ဝယ်ယူထားသော ခရီးသည်များသည်လည်း ထပ်မံပေးဆောင်ရမည်ဖြစ်သည်။
အဆိုပါ PSC တိုးမြှင့်မှုအတွက် YIA က လေယာဥ်လက်မှတ်ရောင်းသူများထံ ဆက်သွယ်ရန်နှင့် Terminal တွင်ရှိသော သတ်မှတ်ငွေပေးချေမှုကောင်တာများတွင် ထပ်မံငွေပေးချေရန်လည်း အကြံပြုထားသည်။
Passenger Service Charge (PSC) ဆိုသည်မှာ လေဆိပ် (သို့) လေယာဉ်ကွင်းများတွင် ခရီးသည်များကို ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုအတွက် ကောက်ခံသော အခကြေးငွေဖြစ်ပြီး Airport Tax (လေဆိပ်အခွန်) ဟုလည်း ခေါ် ဆိုကြကာ လေယာဉ်လက်မှတ်ဈေးနှုန်းထဲတွင် တစ်ပါတည်း ထည့်သွင်းရောင်းချကြောင်း သိရသည်။