
၂၃.၄.၂၀၂၅
Written By Thandar
Bo Bo Film Production က ဟာသဇာတ်လမ်းပုံစံ “ပလေး-ကစားပွဲ”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ဧပြီ ၂၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ပလေးဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ခြူးလေးက ရှင်းရှင်းဆိုတဲ့ ကောင်မလေးတစ်ယောက်နေရာက သရုပ်ဆောင်ထားပါတယ်။ ခြူးလေးတို့ ဒီဇာတ်ကားရိုက်ချိန်မှာ အရမ်းလည်း ပျော်စရာကောင်းတယ် ဆင်းန်တိုင်းက ရယ်စရာလည်း ကောင်းပါတယ်။ အမှတ်တရဆိုရင်တော့ မလင်း@လင်းလင်း၊ မသု@ညီညီမောင်တို့နဲ့ ရိုက်ကူးချိန်မှာ တော်တော် အမှတ်တရဖြစ်ရပါတယ်။ သူတို့ရဲ့ အမိုက်စားဖက်ရှင်၊ သူတို့ရဲ့ အိုက်တင်တွေနဲ့ဆိုတော့လေ လိုအပ်တာထက် ပိုရယ်ရပါတယ်။ ရုံတင်ပြသရင်လည်း ပရိသတ်တွေ ဘဝအမောပြေစေမှာမို့ အားပေးကြပါဦး” လို့ အကယ်ဒမီ ခြူးလေးကပြောပါတယ်။
အဆိုပါ ဇာတ်ကားရဲ့ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းပိုင်းကို ဒီဒီထက်အောင်၊ ရိုက်ကွင်းဇာတ်ညွှန်းကို မင်းကိုစိုး(နတ်သံကွင်း)နဲ့ ရန်နိုင်ထွန်း၊ ဒါရိုက်တာ အကယ်ဒမီကိုဇော်(အရုဏ်ဦး)က ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ မြင့်မြတ်၊ အကယ်ဒမီ အေးချမ်းမောင်၊ အကယ်ဒမီ မေမြင့်မိုရ်၊ အကယ်ဒမီ ခြူးလေး၊ သုသု၊ လင်းလင်း၊ ခင်လှိုင်၊ ဆင်မ၊ မိုးမိုး၊ အကယ်ဒမီ အောင်ခိုင်၊ ညောင်ညောင်၊ သွက်လက်၊ စွမ်းထက်အောင်၊ အကယ်ဒမီ ဝါဝါအောင်၊ စုရှိုင်း၊ ရဲရင့်စည်သူ၊ အောင်လွင်မိုး၊ စည်သူမောင်၊ အောင်သီဟ၊ ဆန္ဒမောင် စတဲ့သူတွေပါဝင်ထားကြပါတယ်။
“ပလေး-ကစားပွဲ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဧပြီ ၂၅ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာလည်းဖြစ်ပါတယ်။
#MyintMyat #AyeChanMg #MayMyintMo #ChueLay #Thuthu #LinLin #KhinHlaing #SinMa #MoeMoe #Swamhtetaung #ပလေးရုပ်ရှပ်ဇာတ်ကားကြီး #BoBoFilmProduction




