၂၂. ၄. ၂၀၂၅
Written by Nay Moe
ချင်းလက်နက်ကိုင် CDF ဇိုဖေဟာ ထူထောင်ပြီး လေးနှစ်အတွင်းမှာ ချင်း PDF ၁၆ ယောက်သေသွားခဲ့တယ်လို့ Chinland Defense Force – Zophei တည်ထောင်ခြင်း လေးနှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

CDF- Zophei ကို တည်ထောင်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ဧပြီလ ၁၆ ရက်မှာ လေးနှစ် ပြည့်ခဲ့ပြီဖြစ်ပြီး ဒီ လေးနှစ်တာကာလအတွင်း CDF – Zophei က ချင်း PDF စုစုပေါင်း ၁၆ ဦး သေခဲ့ပြီး အခြားလူများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတယ်လို့ ပြောပါတယ်။
ဒီလေးနှစ်အတွင်း ပံ့ပိုးပေးသူတွေ ကျေးဇူးတင်ကြောင်းနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ပြည်တွင်းပြည်ပကလူတွေ လှူကြပါဦးလို့လည်း တောင်းခံထားပါတယ်။