
၂၂.၄.၂၀၂၅
Written By Thandar
ပရိသတ်ချစ်ခင်မှု အခိုင်အမာရရှိထားတဲ့ မင်းသမီး ဖွေးဖွေးကတော့ ပျော်ဘွယ်က ငလျင်ဘေးသင့် ပြည်သူတွေအတွက် Tent ၁၀၅ လုံးကို ယနေ့ ဧပြီ ၂၂ ရက်မှာ လှူဒါန်းခဲ့ပါတယ်။
“ဖွေးဆီမှာ ငလျင်ဘေးသင့်သူတွေ တကယ်လိုအပ်နေတဲ့ Tent ၃၀၀ ကို မှာထားခဲ့တာ ရောက်လာပါပြီ။ ဒီ Tent ၃၀၀ မှ ၁၀၅ လုံး ပျော်ဘွယ်မြို့ကို ပို့လိုက်ပါပြီ။ အကူအညီတောင်းလာတဲ့ ပျော်ဘွယ်က လူပျိုကြီးဆီသို့ ပို့ဆောင်လိုက်ပါပြီ။ ဖွေး လက်ထဲ Tent လှူဖို့ ကျန်နေတဲ့ နေရာတွေကို ကောင်းမွန်တဲ့ အကြံပေးမှုတွေကိုလည်း ဖိတ်ခေါ်ပါတယ်။ ငလျင်ဘေးသင့်သူတွေလည်း အဆင်ပြေချောမွေ့ကြပါစေ”လို့ အကယ်ဒမီဖွေးဖွေးက ပရိသတ်သိအောင် ပြောလာပါတယ်။
သူမကတော့ ငလျင်ဘေးသင့်ကာလ တစ်လျှောက်မှာလည်း ငွေကြေးတွေကို ယခင်လှူဒါန်းထားခဲ့သလို မန္တလေးမှာလည်း ထမင်းဘူးတွေကို ၄ ရက်ဆက်တိုက်လှူဒါန်းခဲ့ပါသေးတယ်။ သင်္ကြန်အတက်နေ့မှာလည်း စတုဒိသာအလှူအနေနဲ့ တာမွေမြို့နယ်မှာ ကြက်သားဘူးသီးဟင်း၊ ငပိထောင်း စတာတွေ အလှူ လုပ်ဆောင်ခဲ့ပါတယ်။
#ဖွေးဖွေး #PhwayPhway #MyanmarActress #MyanmarCele #MyanmarEarthquake #Tentအလှူ





