
၂၁.၄.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရန့်က ယူကရိန်းပဋိပက္ခကိုဖြေရှင်းနိုင်ဖို့ အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံတို့အကြား သဘောတူညီချက်တစ်ရပ်ကို လာမယ့်ရက်သတ္တပတ်အတွင်းမှာပဲ အောင်မြင်စွာရရှိနိုင်ဖို့ သူ့အနေနဲ့မျှော်လင့်ထားတယ်လို့ ဧပြီလ ၂၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
ထရန့်က “ဒီအပတ်ထဲမှာတော ရုရှားရော၊ ယူကရိန်းပါ ငြိမ်းချမ်းရေးသဘောတူညီချက်ကိုလုပ်ကြမယ်လို့ ကျွန်တော့်အနေနဲ့ ကြီးကြီးမားမားမျှော်လင့်မိတယ်။ နှစ်နိုင်ငံစလုံးက အမေရိကန်နဲ့အတူ ဒီကြီးမားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းအတွက် စတင်ဆောင်ရွက်ကြလိမ့်မယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာရေးခဲ့ပါတယ်။
ရုရှားသမ္မတ ပူတင်က စစ်ဦးစီးချုပ် ဗာလီရီ ဂီရာဆီမော့ဗ်နဲ့ ဆွေးနွေ့းပြီးတဲ့နောက် မော်စကိုစံတော်ချိန်၊ ဧပြီလ ၂၁ ရက် ၀၀း၀၀ နာရီ(မြန်မာစံတော်ချိန် ဧပြီလ ၂၁ ရက် နံနက် ၀၃း၃၀ နာရီ) အထိ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ အီစတာပွဲတော်ကာလ အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့တာပါ။ ယူကရိန်းသမ္မတ ဇယ်လန်စကီးကလည်း နာရီ ၃၀ ကြာအပစ်အခတ်ရပ်စဲမှု ကာလကို ရက် ၃၀ အထိတိုးချဲ့ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါပေမယ့် အခုအပစ်အခတ်ရပ်စဲရေးကာလမှာပဲ တစ်ဖက်နဲ့တစ်ဖက် အပစ်အခတ်ရပ်စဲမှုကို ချိုးဖောက်တယ်လို့ အပြန်အလှန် စွပ်စွဲပြောကြားမှုတွေကတော့ ဖြစ်ခဲ့ရပါသေးတယ်။
သမ္မတပူတင်ကတော့ အပစ်အခတ်ရပ်စဲရေးကာလ တိုးချဲ့ဖို့ အမိန့်တစ်စုံတစ်ရာမပေးခဲ့ဘူးလို့ သိရပါတယ်။
Ref- Tass