
MT News
၂၁.၄. ၂၀၂၅
Myanmar DPES မှ ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ်မြောက် Myanmar Power & Solar Energy Storage Lighting Expo ကြီးကို Yangon Convention Center (YCC) တွင် မေလ ၁ ရက်မှ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး Solar နှင့် Power Storage အတွက် Brand မျိူးစုံ ၁၅၀ ကျော်တို့ကို ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ပထမအကြိမ် မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှုကုန်စည်ပြပွဲကြီး 2025 ကို မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးမားဆုံး အဖြစ် ယခုနှစ်ဆန်းပိုင်း ဇန်နဝါရီ ၁၁ ရက်နှင့် ၁၂ ရက်တွင် YCC ၌ပင် ကျင်းပခဲ့ရာ လျှပ်စစ်လိုအပ်ချက်များပြားမှုကြောင့် ဝယ်ယူလေ့လာသူများပြားခဲ့သလို ပထမအကြိမ်က နာမည်ကြီး Company ပေါင်း ၈၀ ကျော် နှင့် Brand ပေါင်း ၁၀၀ ကျော်သာ ပါဝင်ခဲ့သော်လည်း ယခုတွင် Brand ပေါင်း ၁၅၀ ကျော် ပါဝင်လာမည်ဖြစ်သည်။
ဒုတိယအကြိမ် Myanmar Power & Solar Energy Storage Lighting Expo ပွဲကြီးကို YCC တွင် မေလ ၁ ရက်နေ့မှ မေလ ၃ ရက်နေ့အထိ မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်ပြီးမေလ ၄ ရက်နေ့တွင်မူ မနက် ၉ နာရီမှ နေ့လယ် ၂ နာရီအထိ ရောင်းချပေးသွားမည်ဖြစ်သည်။



