

၂၀.၄.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၁၄)ရပ်ကွက်၊ ဗိုလ်မင်းခေါင်လမ်းတွင် ယနေ့ ဧပြီလ ၂၀ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်က နွားတင်းကုပ်တွင် ခြင်မလာအောင် မီးဖိုထားသည့် မီးကြွင်းမီးကျန်မှ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်နှစ်လုံးနှင့် နွားတင်းကုပ်နှစ်လုံး မီးလောင်၍ နွားကိုးကောင် သေဆုံးခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
မိနစ်၂၀ ခန့်ကြာသော မီးလောင်မှုကြောင့် သွပ်မိုး၊အုတ်ကာ၊ ကွန်ကရစ်ခင်းတစ်ထပ် အိမ်နံရံမီးဟပ်ခံရကာ၊ ဆယ်ပေပတ်လည် သွပ်မိုး၊ ပျဥ်ကာ ပျဥ်ခင်းနေအိမ်တစ်လုံးနှင့် နွားတင်းကုပ်နှစ်လုံးမီးလောင်ခံရပြီး နွားကိုးကောင် သေဆုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိိမ်းသတ်ယာဥ် ခုနစ်စီး၊ ရေသယ်ယာဥ်ငါးစီး၊ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ နီးပါးဖြင့် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၄ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အသက် ၃၇ နှစ်အရွယ် အမျိုးသမီးကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။