
၂၀. ၄. ၂၀၂၅
Written by MMAK
မန်ယူ Vs ဝုဗ်
ဝုဗ်အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ပထမအကျော့တုန်းက မန်ယူအသင်းက သရေအရှုံးပေးခဲ့ပြီး အခုကစားမယ့်အိမ်ကွင်းပွဲမှာ ပြားနှစ်ဆယ်လောက်သာ ပေးထားတဲ့
မန်ယူအသင်းရဲ့ ဘော်ဒီကြေးက အရမ်းကိုပျော့လွန်းနေပါတယ်။ လိုင်ယွန်အသင်းနဲ့ ကစားခဲ့ရတဲ့ ယူရိုပါလိဂ်ပွဲစဥ်မှာ အားကုန်ထုတ်ကစားခဲ့ရတယ်ဆိုပေမဲ့ အိမ်ကွင်းမှာကစားရမဲ့ မန်ယူအသင်းရဲ့ ဘော်ဒီကြေးက သရေအရှုံးလောက်တော့ ပေးသင့်တယ်လို့ ထင်ပါတယ်။ အမှတ်မလိုတာမှန်ပေမဲ့ ဝုဗ်အသင်းကလည်း တန်းဆင်းဇုန်နဲ့ ၁၄ မှတ်လောက်ထိ ကွာဟနေတာကြောင့် အသည်းအသန်အမှတ်လိုမနေပါဘူး။ ဝုဗ်အသင်းက နောက်ဆုံးလေးပွဲဆက် နိုင်ပွဲရထားလို့ ခြေစွမ်းကောင်းနေတယ်ဆိုရင်တောင် အိမ်ကွင်းအိုးထရက်ဖို့မှာ ဒီကြေးပေးတာဟာ အနိုင်ရဖို့ မလွယ်ဘူးလို့ဘဲ သုံးသပ်ရမှာ ဖြစ်ပါတယ်။ ထိုးသားအများစုက မန်ယူအသင်းအနေနဲ့ အိမ်ကွင်းမှာတော့ မရှုံးနိုင်ဘူးလို့ ယူဆကြမှာဖြစ်ပြီး ပြားနှစ်ဆယ်နဲ့ အပြည့်စားနဲ့ ရင်းရမယ်လို့ တွက်ဆပြီး မန်ယူအသင်းကို လူကြိုက်များလာမယ်ဆိုတာ သေချာပါတယ်။ ဘွတ်ကီတွေအနေနဲ့ တစ်ကမ္ဘာလုံးရဲ့ ထိုးကြေးတွေနဲ့တောင် ဒီကြေးပေးတဲ့အချိန်မှာ ကျွန်တော်တို့လည်း ဝုဗ်အသင်းကို မနေရဲစရာ အကြောင်းမရှိပါဘူး။
ဖူဟမ် Vs ချဲလ်ဆီး
လန်ဒန်ဒါဘီပွဲဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက်နိုင်ပွဲလိုအပ်နေတဲ့ ချဲလ်ဆီးအသင်းကို ဖူဟမ်အသင်း ဘယ်လိုဒုက္ခတွေ ပေးသွားမလဲဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းပါတယ်။ ဖူဟမ်အသင်းရဲ့ အိမ်ကွင်းမှာ လီဗာပူး၊ စပါးနဲ့ ဖောရက်အသင်းတို့ ရှုံးခဲ့ကြပြီး အာဆင်နယ်အသင်းတောင် သရေဘဲ ကစားနိုင်ခဲ့ကြပါတယ်။ ပထမအကျော့မှာတုန်းက ချဲလ်ဆီးအသင်းက သူ့အိမ်ကွင်းမှာတောင် အနိုင်မရခဲ့ဘဲ အခုကစားမဲ့ အဝေးကွင်းပွဲမှာ အနိုင်ရဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး။ ဒီပွဲစဥ်မှာ ချဲလ်ဆီးအသင်းက ဘော်ဒီကြေး ပြားလေးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ပေါက်နေပါတယ်။ ချဲလ်ဆီးအသင်းက သူ့အိမ်ကွင်းမှာ အစ်ဆွချ်အသင်းကို နှစ်ဂိုးပေးခဲ့ရသလို လီဂီယာဝါဆောလို ပိုလန်လိဂ်က အသင်းငယ်လေးကို နှစ်ဂိုးပေးခဲ့ရတဲ့ ခံစစ်က ဒီပွဲမှာ သေချာပေါက် ဂိုးပေးရပါလိမ့်မယ်။ ချဲလ်ဆီးအသင်းကလည်း ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့အတွက် နိုင်ပွဲလိုနေတာကြောင့် ချဲလ်ဆီးအသင်းလည်း ဂိုးရနိုင်ပါတယ်။ အကြိုက်ဆုံးကတော့ ဂိုးပေါ်ရွေးချယ်မှုဖြစ်ပြီး ဖူဟမ်ဘော်ဒီကို ကာကစားသင့်ပါတယ်။





အစ်ဆွချ် Vs အာဆင်နယ်
အာဆင်နယ်အသင်းက ဒဏ်ရာရ ကစားသမားတွေ ဘယ်လိုဘဲ ရှိနေပါစေ သူတို့ရဲ့ပုံစံကောင်းကို ဆက်ထိန်းထားနိုင်သလို ခြေစွမ်းနဲ့ရလဒ်ပိုင်းတွေ အရမ်းကောင်းနေပါတယ်။ အစ်ဆွချ်အသင်းက တန်းဆင်းရဖို့ သေချာသလောက်ရှိနေပြီဆိုပေမဲ့ သင်္ချာနည်းအရ ဆိုရင်တော့ မျှော်လင့်ချက်ရှိနေပြီး အားထည့်ကစားဦးမှာပါ။ ဒီပွဲစဥ်မှာ အာဆင်နယ်အသင်းက တစ်လုံးခြောက်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်စား ပေါက်ပါတယ်။ အာဆင်နယ်အသင််းရဲ့ ကြေးတန်းက ကြေးမှန်တယ်လို့ ပြောရမှာဖြစ်သလို ခြေစွမ်းနဲ့ရလဒ်ပိုင်းကလည်း ကောင်းနေတာမျိုး တွေ့ရပါတယ်။ သို့ပေမဲ့ အာဆင်နယ်အသင်းက ဒီဖလားကို လက်လွတ်လိုက်ပြီလို့ ပြောလို့ရသလို အဝေးကွင်းလည်း ဖြစ်နေတာကြောင့် နှစ်ဂိုးပြတ်နိုင်ပါ့မလားဆိုတာ စဥ်းစားစရာ ကောင်းပါတယ်။ အာဆင်နယ်အသင်းကို နှစ်ဂိုးမပြတ်နိုင်ဘူးလို့ စဥ်းစားထားပေမဲ့ အစ်ဆွချ်အသင်းကိုလည်း ဂိုးရမယ်လို့ မထင်ပါဘူး။ အာဆင်နယ်အသင်းက တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားမယ်လို့ ယူဆထားပြီး ဂိုးပေါင်းအောင်မယ်လို့ မထင်တဲ့ အတွက်ကြောင့် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
လက်စတာ Vs လီဗာပူး
လက်စတာအသင်းက ဒီပွဲရှုံးရင် တရားဝင် တန်းဆင်းရမယ်လို့ ကြော်ငြာရမှာဖြစ်ပြီး တစ်ချိန်ချိန်တော့ ကြုံတွေ့ရမှာ ဖြစ်ပေမဲ့ ရှိသမျှအင်အားနဲ့ ရုန်းကန်လာနိုင်ပါတယ်။ လီဗာပူးအသင်းက ဖလားရဖို့ သေချာသလောက်ရှိနေပြီဖြစ်သလို အနိုင်ရလဒ်ကို ထိန်းကစားတဲ့ ပုံစံမျိုးတွေ တွေ့ရပါတယ်။ ဒီပွဲစဥ်မှာ လီဗာပူးအသင်းက နှစ်လုံးသုံးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်အရှုံး ပေါက်ပါတယ်။ လီဗာပူးအသင်းအနေနဲ့ တကယ်ကန်မယ်ဆိုရင် လက်စတာအသင်းကို ဂိုးမပြတ်စရာ အကြောင်းမရှိပါဘူး။ သို့ပေမဲ့ အမှတ်မလိုအပ်တာကြောင့် တစ်ဂိုးနဲ့ကပ်နိုင်လို့ရသလို သရေကျရင်တောင် ဘာမှမဖြစ်တဲ့အတွက်ကြောင့် လီဗာပူးအသင်းကို မကြိုက်ပါဘူး။ လက်စတာအသင်းသာ တစ်ဂိုးလောက်ရသွားရင် လေးဂိုးပြန်သွင်းမှ ကြေးအောင်မှာဖြစ်ပါတယ်။ လက်စတာအသင်းသာ တစ်ဂိုးရသွားရင် လီဗာပူးအသင်းကြေးအောင်ဖို့ အရမ်းနည်းသွားပြီလို့ ပြောလို့ရသလို သေချာပေါက်ကြေး ကြေးကျသွားမယ်လို့တောင် ထင်ပါတယ်။ ဒီအတွက်ကြောင့် အောက်အသင်းဖြစ်တဲ့ လက်စတာဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
အေစီမီလန် Vs အတ္တလန်တာ
အီတလီစီးရီးအေဆိုတာ ဂိုးပေါင်းကြေး ပါးပါးသာဖွင့်လေ့ရှိသလို ဂိုးပေါင်းအောက် ဖြစ်တတ်တာများပေမဲ့ ဒီနှစ်သင်းရဲ့ ပွဲစဥ်တွေကတော့ ဂိုးပေါင်းကြေး မြင့်မားလေ့ရှိသလို သွင်းဂိုးတွေလည်း မြင်ရတတ်ပါတယ်။ ဒီပွဲစဥ်မှာ ဘော်ဒီကြေးဒဲ့ပေါက်နေပေမဲ့ ဂိုးပေါင်းကြေးကို သုံးလုံးတစ်ဆယ်စားဆိုပြီး မြင့်မားတဲ့ ဂိုးပေါင်းကြေးတန်းကို တွေ့ရပါတယ်။ ရာသီပြီဆုံးဖို့ ငါးပွဲလောက်သာ ကျန်ရှိတော့တဲ့အချိန်မှာ အေစီမီလန်အသင်းက ဥရောပဝင်ခွင့်ရဖို့အတွက် လုံးဝ အနိုင်ရဖို့ အရေးကြီးသလို အတ္တလန်တာအသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို ဖိအားပေးခံနေရတာကြောင့် ရှုံးလို့မရပါဘူး။ နှစ်သင်းလုံးက အနိုင်ရလဒ်ကို ဦးတည်ကစားကြမှာဖြစ်သလို တိုက်စစ်ဖွင့်ကစားတတ်တဲ့အသင်းတွေ ဖြစ်တာကြောင့် အပြန်အလှန်သွင်းဂိုးတွေ သေချာပေါက် မြင်ရဖို့ရှိပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေမှာလည်း အပြန်အလှန်သွင်းဂိုးတွေ မြင်တွေ့ရတတ်သလို ဂိုးပေါင်းကြေးကလည်း ပြင်းရှနေတာကြောင့် သုံးဂိုးလောက်က အနိမ့်ဆုံးအနေနဲ့ မြင်တွေ့ရမယ်လို့ ထင်ပါတယ်။ တစ်သင်းသင်းဂိုးရတာနဲ့ ကျန်တဲ့အသင်းကတိုက်စစ်ဖွင့်ကစားကြမှာ ဖြစ်တာကြောင့် ဂိုးသွင်းသေချာတဲ့အသင်းက အနိုင်ရသွားမယ်လို့ ထင်ပါတယ်။ ရွေးချယ်မှုအနေနဲ့ကတော့ ဂိုးပေါင်းအပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။