
၂၀. ၄. ၂၀၂၅
Written by Nay Moe
အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားသော AA နှင့် လက်နက်ကိုင် PDF များ ပူးပေါင်း၍ သာပေါင်း၊ ပုသိမ်၊ ရေကြည်၊ စသည့် ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများဆင်နွှဲနေရာမှ တပ်မတော်က အပစ်ရပ်ထားသည်ကို အခွင့်ကောင်းယူ ထိုးစစ်ဆင်လာ၍ ယခုရက်ပိုင်းအတွင်း ထိုးစစ်ဆင်မှု လေးမျက်နှာမြို့အထိ ရောက်ရှိလာသဖြင့် ဧရာဝတီတိုင်းအတွင်း ဖြစ်ပွားနေသောတိုက်ပွဲများသည် ဟင်္သာတခရိုင်အတွင်းရောက်ရှိလာပြီဖြစ်သည်။
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့
နယ်အတွင်း တပ်စွဲထားသည့် ပန်းတောကြီးရွာမှစစ်တပ်စခန်းကို AA နှင့် ပူးပေါင်းတပ်များက အပစ်ရပ်ထားသည်ဟု ယင်းတို့ ကြေညာထားမှု ချိုးဖျက် အခွင့်ကောင်းယူကာ ယမန်နေ့တွင် တိုက်ခိုက်သိမ်းယူလိုက်ပြီး ဖျက်ဆီး မီးရှို့မှုများစွာ ပြုလုပ်ခဲ့သည်။
တိုက်ပွဲဖြစ်ပွားရာဒေသများမှ ပြည်သူများသည် နီးစပ်ရာ မြို့နယ်/ကျေးရွာများသို့ စစ်ဘေးရှောင်နေကြရ ပြီး၊ စစ်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာသောကြောင့် ဟင်္သာတမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အစစအရာရာ သတိထားနေထိုင်ကြရန်လည်း ဟင်္သာတပအဖက အသိပေး တိုက်တွန်းထားသည်။
ထို့အတူ မိမိတို့နှင့် တစ်ပါတည်း ယူဆောင်ရန် လိုအပ်သော အရေးကြီး စာရွက်စာတမ်းများ၊ ပစ္စည်းများ၊ ဆေးဝါး ရိက္ခာများအား အဆင်သင့် ထုပ်ပိုး ပြင်ဆင်ထားခြင်း၊ မြေပြင်သတင်းများအား မပြတ်နားစွင့်၍ အသွားအလာများ သတိထားခြင်းများလုပ်ဆောင်ရန်လည်း အသိပေးထားသည်။