
၂၀.၄.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ ကစင်ကျေးရွာအုပ်စု၊ လှိုင်မြစ်အတွင်း ညောင်ချောင်းသဲကွင်းဆိပ်ကမ်းတွင် ဧပြီလ ၁၉ ရက် ည ၉ နာရီ ၂၅ မိနစ်ခန့်က ငါးဖမ်းစက်လှေသင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
ဖြစ်စဥ်တွင် သစ်သားကိုယ်ထည်ဖြင့် တည် ဆောက်ထားသော ဖြိုးပွင့်အောင် (၂၅) ငါးဖမ်းစက်လှေသင်္ဘော၏ စက်ခန်းအတွင်း သွယ်တန်းထားသော ဝါယာကြိုးပေါက်ပြဲ၍ မီးပွားထွက်ရာမှ အနီးရှိ ဆီချိုးများကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုမှာ မိနစ်၄၀ ကျော်ကြာလောင်ကျွမ်းခဲ့ပြီး စက်ခန်းနှင့် သင်္ဘောကိုယ်ထည် အနည်းငယ်မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ငါးဖမ်းစက်လှေသင်္ဘောမီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ ရေသယ်ယာဥ် ၂စီး၊ ကွပ်ကဲမှုယာဥ် ၁ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၆၀ ခန့်ဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် မီးငြိမ်းခဲ့သည်။