
၁၉.၄. ၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုအနေနဲ့ ရုရှား-ယူကရိန်းတို့အကြားငြိမ်းချမ်းရေးသဘောတူညီချက် ရစေဖို့ ကြိုးပမ်းမှုမှာ တိုးတက်မှု မရဘူးဆိုရင် အမေရိကန်အစိုးရအနေနဲ့ စေ့စပ်ညှိနှိုင်းသူအဖြစ် ကြိုးပမ်းနေမှု ကို စွန့်ခွာမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုတို့က ပြောခဲ့ကြပါတယ်။
ထရန့်က “ကျွန်တော်တို့အနေနဲ့က ဒီသဘောတူညီချက်ရဖို့ အမြန်ဆုံးဆောင်ရွက်ချင်တယ်။ ဒါပေမယ့် ဒီမှာတစ်ဖွဲ့က ဒီလိုသဘောတူညီဖို့ အတော်ခက်ခဲနေတယ်လို့ဧပြီလ ၁၈ ရက်မှာ ဆိုခဲ့ပါတယ်။ ဒီမတိုင်ခင်ကလည်း အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက ယူကရိန်းးစစ်ပွဲမှာ နှစ်ဖက်စလုံးက တိုးတက်မှုရလဒ်တွေပြကြဖို့ ဒါမှမဟုတ်ရင်တော့ အမေရိကန်အနေနဲ့ ငြိမ်းချမ်းရေး ရရှိရေးကြိုးပမ်းမှုကို စွန့်လွှတ်မယ်” လို့ ပြောခဲ့ပါတယ်။
ရူဘီအိုက “ဥရောပနိုင်ငံတွေနဲ့ ယူကရိန်းနိုင်ငံခေါင်းဆောင်တွေကို ပါရီမြို့မှာတွေ့ဆုံခဲ့ရာမှာကျွန်တော်တို့ အနေနဲ့ ဒီ ငြိမ်းချမ်းရေးအားထုတ်မှုကို ရက်သတ္တပတ်နဲ့လအတန်ကြာတဲ့အထိ ဆက်လုပ်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီအားထုတ်မှုအတွက် အနည်းငယ်အတွင်း လုပ်ဆောင်နိုင်ကြဖို့ ရှိမလား၊ မရှိဘူးလားဆိုတာကိုပေါ့” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် သမ္မတထရန့် အနေနဲ့ အချိန်ဘယ်လောက်ကြာအောင် သူ့အနေနဲ ဒီလိုဆုံးဖြတ်မှုကို စောင့်ဆိုင်းပေးမယ်ဆိုတာတော့ မပြောခဲ့ပါဘူး။
ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် က စစ်ပွဲကို ငြိမ်းချမ်းစွာ ဖြေရှင်းအဆုံးသတ်နိုင်ရေးအတွက် တိုးတက်မှုတချို့ လုပ်နိုင်ပေမယ့် အမေရိကန်အစိုးရနဲ့ ဆက်သွယ်မှုရရေးက ခဲယဉ်းတယ် လို့ ပြောခဲ့ပါတယ်။ သူက ရုရှားအနေနဲ့ သူ့ရဲ့ အကျိုးစီးပွားကိုအာမခံနိုင်တဲ့အခါ ပဋိပက္ခကိုဖြေရှင်းသွားမယ်လို့လည်း ဆိုခဲ့ပါတယ်။ ရုရှားအစိုးရအနေနဲ့ အမေရိကန်အစိုးရနဲ့ ညှိနှိုင်းမှုတွေပြုသွားဖို့ လမ်းဖွင့်ထားတယ်လို့လည်း သူကပြောခဲ့ပါတယ်။
Ref- Reuters