




၁၈.၄.၂၀၂၅
Written By Thandar
တေးရေး တေးဆို အဆိုတော် ပိုပိုကတော့ မြန်မာနှစ်သစ်ကူး အလှူအနေနဲ့ လှည်းကူး မဟာဝိဟာရကျောင်းတိုက်က သံဃာတော် ၁၀ ပါးကို ပင့်ဖိတ်ကာ ပရိတ်တရားနာပွဲကို ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ နေအိမ်မှာ ပြုလုပ်ခဲ့ပါတယ်။
“ပိုက လှည်းကူးမဟာဝိဟာရကျောင်းမှ သံဃာ ၁၀ ပါး ကို ပင့်ဖိတ်ပြီး ပရိတ်တရားများနာကြားခဲ့ပါတယ်။ မြန်မာတိုရဲ့ နှစ်သစ်မှာ တရားနာ၊ ဖရဲသီးဖျော်ရည်၊ အအေးတွေလည်း ကပ်လှူခဲ့ပါတယ်။ သဒ္ဓါပိုပို သင်္ကန်း ၃ စုံ၊ ကိုယ်ပတ် ၁၀ စုံ၊ ခါးပန်းကြိုး ၁၀ ခုရယ်၊ စာအုပ်၊ ဘောပင်၊ ဓား(ဂျုတ်)၊ ဆပ်ပြာ၊ သွားတိုက်ဆေးနဲ့ ဝတ္ထု ငွေတွေ လှူဒါန်းခဲ့ပါတယ်ရှင့်။ ပို ချစ်ရတဲ့ ပရိသတ်တွေ မြန်မာပြည်သူပြည်သူတွေ ကျန်းမာ ချမ်းသာ အေးချမ်းကာ ဘေးဘယာတွေ ဝေးကွာကြပါစေရှင်။ ဆုတောင်း မေတ္တာပို့သအပ်ပါတယ်”လို့ အဆိုတော် ပိုပိုက ပြောပါတယ်။
သူမကတော့ မြန်မာပြည်သူ ပြည်သားတွေ ငလျင်ဘေးသင့်ကာလအတွင်းမှာ ရေသန့် ၊ ဆေးဝါး၊ အဝတ် အထည်၊ ခေါက်ဆွဲခြောက်၊ အသင့် စားမုန့် စတာတွေကို ဆက်တိုက်ဆိုသလို နေပြည်တော်၊ ပျဉ်းမနား၊ စစ်ကိုင်း၊ မန္တလေး၊ အင်းလေး၊ ကလော၊ ပလိပ်၊ ရမည်းသင်း၊ ပျော်ဘွယ် စတဲ့နေရာတွေကို စေတနာရှင် ခုနစ်ရက် သားသမီးတွေနဲ့အတူ လှူဒါန်းပေးနေလျှက်ရှိပါတယ်။