




၁၈. ၄. ၂၀၂၅
Written by Nay Moe
လားရှိုးမြို့ထဲကို ဒီနေ့မှာ တပ်မတော်က ဝင်ရောက်ထိန်းချုပ် တပ်စွဲလိုက်ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာနရဲ့ ဒီနေ့မှာ ရုပ်သံနဲ့တကွဖော်ပြလာနေမှုအရ သိရပါတယ်။
လားရှိုးမြို့ကို သိမ်းယူထားတဲ့ တရုတ်ကိုးကန့်တပ် MNDAA ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက လားရှိုးမြို့မှာရှိတဲ့ ပစ္စည်းအကုန်လုံးကို ဆေးရုံပစ္စည်းတွေပါမချန် တန်ဖိုးရှိတာအကုန် လုယက်သိမ်းယူရွှေ့ပြောင်းသွားတယ်လို့ သိရပါတယ်။
“မြို့တွင်းလမ်းမတွေလည်း အရင်ရက်များထက် ရှင်းလင်း တိတ်ဆိတ်နေပါတယ်။ လားရှိုးအဝင်အထွက် နမ့်ပေါင်လမ်းနဲ့ နောင်မွန်ဘက်ခြမ်းတွေကို ယာယီပိတ်ထားပါတယ်”လို့ လားရှိုးမြို့ထဲကို ဒီနေ့မှာ တပ်မတော်က ဝင်ရောက်ထိန်းချုပ် တပ်စွဲလိုက်မှုအပေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာနက ဆိုထားပါတယ်။
လားရှိုးကို တပ်မတော်က ဝင်ရောက်ထိန်းချုပ်၊ တပ်စွဲပြီး MNDAA ဆုတ်ခွာပေးမှုဟာ တရုတ်ညှိနှိုင်းပေးမှုအရလို့လည်း သတင်းတွေဖော်ပြနေပေမဲ့ ဘက်အသီးသီးကတော့ တရားဝင်ထုတ်ပြန်မှုမရှိသေးပါဘူး။
Movie Credit – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာန