အာဆီယံ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ်ကို NUG ဝန်ကြီးချုပ်က လေလှိုင်းပေါ်မှသာ စကားပြောခွင့်ရ

MT News
၁၈. ၄. ၂၀၂၅
SAC ဥက္ကဋ္ဌနဲ့ မလေးရှားဝန်ကြီးချုပ် တွေ့ဆုံမှုကို ကန့်ကွက်စာ ထိုင်ထုတ်နေတဲ့ NUG က အာဆီယံ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ်ကို NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း လေလှိုင်းပေါ်က စကားပြောခွင့်ရချိန်မှာ ကန့်ကွက်ကြောင်း ပြောကြားရဲမှုမရှိဘူးလို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်က ထုတ်ပြန်ပါတယ်။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ်ဟာ မြန်မာနှစ်ဆန်းတစ်ရက်က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့အတူ SAC ဥက္ကဋ္ဌကို တွေ့ဆုံခဲ့ပြီး ဒီ တွေ့ဆုံမှုကို NUG က ကန့်ကွက်ခဲ့တာပါ။ အဲဒီနောက် NUG ဝန်ကြီးချုပ်က မလေးရှားဝန်ကြီးချုပ်ကို တွေ့ဆုံစကားပြောခွင့်ရမယ်လို့ NUG ထောက်ခံသူတွေ သတင်းထုတ်နေပေမဲ့ တကယ်တမ်းမှာ လေလှိုင်းပေါ်ကပဲ စကားပြောခွင့်ရတယ်လို့ NUG က ဒီမနက် ဝန်ခံပါတယ်။
Teleconference ကပဲ တွေ့ခွင့်ရတဲ့ ဒီမေးမြန်းမှုမှာ အာဆီယံဥက္ကဋ္ဌနဲ့တကွ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဆက်သွယ်ဆောင်ရွက်နိုင်ရေး အပါအဝင် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီတွေ ထိရောက်စွာ ပေးပို့ ဖြန့်ဝေနိုင်ရေးတို့နဲ့ ဆွေးနွေးခဲ့တယ်လို့ ဝန်ခံထားပါတယ်။
မလေးရှားဝန်ကြီးချုပ်က သတင်းထုတ်ပြန်ရာမှာလည်း မန်းဝင်းခိုင်သန်းက မလေးရှားကို လာရောက်တွေ့ဆုံချင်ကြောင်း ပြောခဲ့တဲ့အပြင် SAC ဥက္ကဋ္ဌနဲ့ တွေ့ဆုံမှာကို လေလှိုင်းပေါ်ကသာ စာထုတ် ကန့်ကွက်နေကြပေမဲ့ Teleconference က တွေ့ချိန်မှာတော့ ကန့်ကွက်တာမရှိခဲ့ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။