




၁၈. ၄. ၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ တယ်လာဟက်ဆီမြို့ရှိ ပြည်နယ်တက္ကသိုလ်မှာ ဧပြီလ ၁၇ ရက်က လူအစုလိုက်အပြုံလိုက်ပစ်ခတ်မှုတစ်ရပ်ဖြစ်ခဲ့တာမှာ ကျောင်းသားမဟုတ်သူနှစ်ဦး သေဆုံးခဲ့ရပြီး လူခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံရဲတပ်ဖွဲ့ကပြောခဲ့ပါတယ်။
အာဏာပိုင်တွေက သေနတ်သမားက အသက် ၂၀ နှစ်ရှိ ဖီးနစ် အစ်ခ်နာ ဆိုသူ ဖလော်ရီဒါပြည်နယ် တက္ကသိုလ်မှ တက္ကသိုလ်ကျောင်းးသားတစ်ဦးဖြစ်ပြီးဒေသခံအမျိုးသမီးဒုတိယရဲမှူးတစ်ဦးရဲ့သားလို့လည်းသိရပါတယ်။ သူ့ကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးမိခဲ့ပြီးသေနတ်သမားနဲ့ ပစ်ခတ်မှုမှာ ဒဏ်ရာရခဲ့သူတွေကို ဆေးရုံကိုတင်ပို့ထားတယ်လို့လည်း သိရပါတယ်။
ရဲတပ်ဖွဲ့က သေနတ်သမားနဲ့အတူ မိခင်ဖြစ်သူအရင်ကလုပ်ငန်းခွင်မှာ အသုံးပြုခဲ့ပြီး အခုအခါမှာတော့ ပုဂ္ဂိုလ်ရေးကိုင်ဆောင်နေတ့ လုပ်သေနတ်တစ်လက်ကို ဖမ်းဆီးမိခဲ့ပါတယ်။
ရဲတပ်ဖွဲ့က ပစ်ခတ်မှုတွေမှာ တက္ကသိုလ်ကျောင်းသားတွေထဲက ထိခိုက်သေဆုံးရသူမရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သေဆုံးဒဏ်ရာရသူတွေကို ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာမှု မပြုခဲ့ပါဘူး။
Ref -CBS