

၁၇. ၄. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားနိုင်ငံဝန်ကြီးချုပ် H.E. Anwar Ibrahim နှင့် ယနေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံငလျင်ဘေးဒဏ်မှ ပြန်လည်ထူထောင်ရေးတွင် အာဆီယံအသိုက်အဝန်းမှ စည်းလုံးညီညွတ်မှုဖြင့် ဆက်လက်ကူညီဆောင်ရွက်ရေး၊ မြန်မာ-အာဆီယံ အသိုက်အဝန်းမှ ပူပေါင်းဆောင်ရွက်ရေးကိစ္စများအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲ၌ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း Mr. Thaksin Shinawatra လည်း တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။