၂၃. ၁. ၂၀၂၃
Written by Pan Ei
ဘီယွန်းစေးဟာ ဒူဘိုင်းနိုင်ငံရဲ့ နောက်ဆုံးပေါ်ဇိမ်ခံဟိုတယ်ကြီးဖြစ်တဲ့ Atlantis The Royal ရဲ့ ဖွင့်ပွဲစင်မြင့်ပေါ်မှာ စနေ့နေ့ညက ဖျော်ဖြေခဲ့ပါတယ်။
ဘီယွန်းစေးအတွက် လေးနှစ်တာကာလအတွင်း ပထမဆုံးဖြစ်တဲ့ အဆိုပါ သီးသန့်ဖျော်ဖြေပွဲကို ဒေါ်လာ ၂၄ သန်းတန် ကမ်းလှမ်းမှုနဲ့အတူ သွားရောက်ဖျော်ဖြေခဲ့တာဖြစ်ပြီး တန်ကြေးကြီးမားတဲ့ ဖျော်ဖြေပွဲတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
ဘီယွန်းစေးဟာ ပွဲမှာ “Brown Skin Girl” သီချင်းကို သူမရဲ့ သမီးဖြစ်သူ Blue Ivy နဲ့အတူ ဖျော်ဖြေခဲ့ပြီး စုစုပေါင်း သီချင်း ၁၉ ပုဒ် ဖျော်ဖြေတင်ဆက်ခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ “Renaissance” အယ်လ်ဘမ်က သီချင်းတွေကိုတော့ မသီဆိုခဲ့ဘူးလို့ သိရပါတယ်။
ဘီယွန်းစေးရဲ့ ဖျော်ဖြေပွဲ လာရောက်သူတွေကို ဖုန်းယူဆောင်ခွင့်ပိတ်ပင်ထားခဲ့ပြီး ဖျော်ဖြေပွဲရဲ့ ဓာတ်ပုံ (သို့) ဗီဒီယိုတွေကို ရိုက်ကူးခွင့်မပြုခဲ့ပါဘူး။
ဘီယွန်းစေးက ၂၀၂၂ ခုနှစ်အတွက် အယ်လ်ဘမ် ထွက်ရှိခဲ့ပေမယ့် သက်ဆိုင်ရာ ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်တွေကိုတော့ ကြေညာခြင်းမရှိသေးပါဘူး။
Ref; Yahoo