




၁၅.၄.၂၀၂၅
Written By Thandar
လက်ရှိ လူမှုကွန်ရက် အွန်လိုင်းပေါ် ပျံ့နှံနေတဲ့ သရုပ်ဆောင် မင်းသား ဒါရိုက်တာ ဦးမောင်မောင်မြင့် ကတော့ အသက် ၉၃ နှစ်ဆိုတဲ့ အသက်အရွယ်တစ်ခုမှာ ဇရာကိုအံတုပြီး ရင်ဆိုင်ဖြတ်ကျော်နေရတာလည်းဖြစ်ပါတယ်။
တစ်ချိန်က သရုပ်ဆောင်ကြီး ဦးမောင်မောင်မြင့်ကို မျက်ရည်တွေနဲ့ မိသားစုဝင်တစ်ဦးက ပြုစုစောင့် ရှောက်နေတာလည်း ဖြစ်ပါတယ်။ အသက်အရွယ်ကြီးပြီဖြစ်တဲ့အတွက် အိပ်ယာထဲမှာ လဲလျောင်းနေရတဲ့ ဦးမောင်မောင်မြင့်ကို အစာဝင်ဖို့အတွက် မိသားစုဝင်တစ်ဦးက အစားအစာကို သေချာလေး ခွံကျွေးနေရတာပါ။
အဆိုပါ ဗီဒီယိုထဲမှာပါဝင်နေတဲ့ အမျိုးသမီးက ခွံ့ကျွေးနေရင်းက ကျလာတဲ့ မျက်ရည်တွေကို သုတ်ပြီး ဆက်ခွံ့နေတာ တွေ့ရပါတယ်။
၉၃ နှစ်ဆိုတဲ့ အသက်အရွယ် ဇရာကို အံတုပြီးတော့ အတိုင်းအတာတစ်ခုကို ဖြတ်သန်းရင်ဆိုင်နေရတာလည်း အနုပညာချစ်ပြည်သူတွေ စိတ်နှလုံးမခိုင်အောင် မြင်တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။
သရုပ်ဆောင် ဦးမောင်မောင်မြင့်ဟာ သရုပ်ဆောင်ပိုင်း၊ ဒါရိုက်တာပိုင်းတွေအပြင် ကဗျာဆရာတစ်ယောက်အနေနဲ့ ပရိသတ်တွေ သိရှိထားခဲ့သလို မင်းသားပြေငြိမ်းရဲ့ ဖခင်လည်းဖြစ်ပါတယ်။