



၁၄.၄.၂၀၂၅
Written By Zun
မြန်မာနိုင်ငံအတွင်းသို့ ပြည်ပကတင်သွင်းသော လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်အပိုပစ္စည်းများ တင်သွင်းခြင်းအတွက် အခွန်အခပေးရန် မလိုတော့ ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။
ယင်းတွင် လျှပ်စစ်သုံးယာဉ်များအသုံးပြုမှုနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်ပမှ Completely Built Up – CBU စနစ်၊ Completely Knocked Down – CKD စနစ်၊ Semi-Knocked Down – SKD စနစ်တို့ဖြင့် တင်သွင်းသည့် ဘတ္ထရီမှ လျှပ်စစ်စွမ်းအင်ကို ရယူမောင်းနှင်သော ဘတ္ထရီလျှပ်စစ်သုံးယာဉ် (Battery Electric Vehicle – BEV) အမျိုးအစားများ၊ ဆက်စပ်ပစ္စည်းများနှင့် အပိုပစ္စည်းများအတွက် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ တွင် သတ်မှတ်ထားသော အကောက်ခွန်နှုန်းများကို သုညရာခိုင် နှုန်းသို့ လျှော့ချသတ်မှတ်လိုက်ကြောင်း ဖော်ပြထားသည်။
အဆိုပါယာဉ်အမျိုးအစားများမှာ လမ်းပေါ်တွင် မောင်းနှင်နိုင်သည့် နောက်တွဲယာဉ်ကို ဆွဲသည့်ယာဉ် (Road tractor for Semi-trailer) ၊ ယာဉ်မောင်း အပါအဝင် ၁၀ ဦး သို့မဟုတ် ၁ဝ ဦးနှင့်အထက် စီးနင်းနိုင်သော ခရီးသည်တင် မော်တော်ယာဉ် (Bus) (Motor Vehicle for the transport of ten or more persons, including driver) ၊ ကုန်တင်ယာဉ် (Truck) ၊ (Motor Vehicle for the transport of persons) ၊ သုံးဘီးတပ်ယာဉ် (လူစီး) (Three-wheeled vehicle for the transport of persons) ၊ သုံးဘီးတပ်ယာဉ် (ကုန်တင်) (Three-wheeled vehicle for the transport of goods) ၊ လူစီး နှစ်ဘီးတပ် လျှပ်စစ်မော် တော်ဆိုင်ကယ် (Electric Motorcycle)၊ လူစီး နှစ်ဘီးတပ် လျှပ်စစ်စက်ဘီး (Electric Bicycle)၊ လူနာတင်ယာဉ် (Ambulance) ၊ ထောင်ကား (Prison Van)၊ နိဗ္ဗာန်ယာဉ် (Hearse) ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ နည်းပညာပိုင်းဆိုင်ရာ ထောက်ခံချက်ပါရှိသည့် ဘတ္ထရီ လျှပ်စစ်သုံးယာဉ်များ၏ ဆက်စပ်ပစ္စည်းများ (ဥပမာ – အားသွင်းရုံ ဆိုင်ရာပစ္စည်းများ၊ အားသွင်းစနစ်ဆိုင်ရာပစ္စည်းများ) နှင့် စက်မှုဝန်ကြီးဌာန၏ ထောက်ခံချက်ပါရှိသည့် ဘတ္ထရီလျှပ်စစ်သုံးယာဉ်များ၏ အပိုပစ္စည်းများ (Spare Parts) ဖြစ်ကြောင်း သိရသည်။
ယင်း အကောက်ခွန်နှုန်းများကို သုညရာခိုင် နှုန်းသို့ လျှော့ချသတ် မှတ်ခြင်းမှာ ယခု ဧပြီလ ၁ ရက်မှ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်ထိ အကျိုးသက်ရောက်ကြောင်း သိရသည်။