



၁၄.၄.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်ဟာ နိုင်ငံတော်ချစ်ကြည်ရေးခရီးစဉ်တစ်ရပ်အဖြစ် ဧပြီလ ၁၄ ရက်က ဗီယက်နမ်နိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။
ဟနွိုင်မြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိချိန်မှာပဲ ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာမှာ ရှီက သူ့ရဲ့ လေးကြိမ်မြောက်နိုင်ငံတော်ခရီးစဉ်အဖြစ် ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး တိုလမ်နဲ့ ဗီယက်နမ်သမ္မတ လွမ်ကုန်း(Luong Cuong) တို့ရဲ့ ဖိတ်ကြားချက်တွေအရ လာရောက်လည်ပတ်ရလို့ အလွန်ဝမ်းမြောက်မိတယ်လို့ ဖော်ပြခဲ့ပါတယ်။
ကြေညာချက်မှာ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ၊ တရုတ်အစိုးရနဲ့ တရုတ်ပြည်သူတို့ကိုယ်စား ညီအစ်ကို တော်ဖြစ်သည့် ဗီယက်နမ်ကွန်မြူနစ်ပါတီ၊ ဗီယက်နမ်အစိုးရနဲ့ ဗီယက်နမ်ပြည်သူတို့ကို နှုတ်ဆက်စကား များပြောပါကြောင်းနှင့် ဆုမွန်ကောင်းများတောင်းပါကြောင်း ဖော်ပြခဲ့ပါတယ်။
ရှီက ဒီနှစ်ဟာ ဗီယက်နမ်ကွန်မြူနစ်ပါတီ တည်ထောင်မှု ၉၅ နှစ်ပြည့်မြောက်တဲ့နှစ်၊ ဗီယက်နမ်နိုင်ငံထူ ထောင်မှု နှစ် ၈၀ မြောက်တဲ့နှစ်နဲ့ တောင်ဗီယက်နမ်လွတ်မြောက်မှု အနှစ် ၅၀ ပြည့်တဲ့နှစ်တို့ဖြစ်ပြီး ဗီ ယက်နမ်ကွန်မြူနစ်ပါတီအနေနဲ့ ပါတီနဲ့နိုင်ငံထူထောင်မှု နှစ်တစ်ရာပြည့်ရည်မှန်းချက်နှစ်ရပ်ကို သဘော ပေါက်စေခြင်းဖြင့် ပြည်သူတွေကို စည်းလုံးညီညွတ်စွာဦးဆောင်ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။
ဆက်လက်ပြီး သမ္မတ ရှီက ဗီယက်နမ်နိုင်ငံအနေနဲ့ လူနေမှုအဆင့်အတန်းတွေ ပုံမှန်တိုးတက်လာတာ၊ ကမ္ဘာလုံးဆိုင်ရာနဲ့ ဒေသဆိုင်ရာ သြဇာလွှမ်းမိုးမှုတွေ ဆက်လက်တိုးတက်လာနေတာတို့အတွက် တရုတ်အစိုးရအနေနဲ့ ဝမ်းမြောက်တယ်လို့ ပြောခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံအနေနဲ့ ဆိုရှယ်လစ်စနစ်အောက်မှာ စက်မှုလုပ်ငန်းခေတ်မီစေရေး အထူးဆောင်ရွက်နိုင်ခဲ့တယ်လို့လည်း ရှီက ပြောခဲ့ပါတယ်။
ဒါ့ပြင် သမ္မတ ရှီက မိမိပြည်တွင်းလုပ်ငန်းတွေကို ပြည်ပနိုင်ငံတွေနဲ့ယှဉ်ပြိုင်မှုကို ကာကွယ်တဲ့မူဝါဒကဘယ်ကောင်းကျိုးကိုမှဖြစ်စေနိုင်မှာမဟုတ်သလို ကုန်သွယ်ရေးစစ်ပွဲကလည်း အနိုင်ရသူရှိမှာမဟုတ် ဘူးလို့ သတိပေးပြောခဲ့ပါတယ်။
Ref- Xinhua, CNA