




၁၄.၄.၂၀၂၅
Written by Thettant
မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာဓလေ့ထုံးတမ်းနှင့်အညီ အေးသင်္ကြန်အဖြစ် ရန်ကုန်တွင် စတုဒိသာသင်္ကြန်သာ ကျင်းပနေရာမှ ကျန်ရှိသည့် သင်္ကြန်ကာလ နှစ်ရက်တာဖြစ်သော မနက်ဖြန် ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့နှင့် ဧပြီ ၁၆ ရက် သင်္ကြန် အတက်နေ့တို့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ လမ်းလျှောက်သင်္ကြန်ပြုလုပ်သွားမည်ဖြစ်သည်။
နှစ်စဥ် လမ်းလျှောက်သင်္ကြန်ကျင်းပနေသော ပြည်သူ့ရင်ပြင်ကို မန္တလေးငလျင်ကြီးကြောင့် ဖျက်သိမ်းကာ စတုဒိသာကိုသာ ကျွေးမွေးခဲ့ရာ အကြိုနေ့နှင့် အကျနေ့တို့တွင် ပြည်သူများက ပြည်သူ့ရင်ပြင်၌ အေးသင်္ကြန်ကို စတုဒီသာများဖြင့် ခြောက်ကပ်စွာ ဆင်နွှဲခဲ့ကြရသည်။
သို့သော် နိုင်ငံတစ်ဝန်းတွင် အေးသင်္ကြန်နှင့် ရိုးရာသင်္ကြန်များကို ရေကစားမှုများနှင့် စည်ကားစွာ ဆက်လက်ကျင်းပနေမှုကြောင့် ရန်ကုန်တွင်ပါ ကျန်ရှိနှစ်ရက်တာကို လမ်းလျှောက်သင်္ကြန်အဖြစ် ဆင်နွှဲရန် ပြောင်းလဲပြင်ဆင်ခြင်းဖြစ်ပြီး ယနေ့တစ်နေ့တာလုံး အကြတ်နေ့နှင့် အတက်နေ့ကို လမ်းလျှောက်သင်္ကြန်ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာဖိတ်ခေါ်ခဲ့သည်ဟု ပြည်သူ့ရင်ပြင်သို့ သွားရောက်ခဲ့သည့် ပြည်သူများထံမှ သိရသည်။