



၁၄. ၄. ၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ဂျို့ရှ် ရှာပီရိုရဲ့ တရား ဝင်အိမ်တော်ကို မီးရှို့တိုက်ခိုက်ဖို့စွပ်စွဲချက်နဲ့ အသက် ၃၈ နှစ်ရှိ လူတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ အာဏာပိုင်တွေက ဧပြီလ ၁၃ ရက်မှာ ပြောခဲ့ကြပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့အိမ်ကို မီးရှို့ရန်ကြိုးပမ်းသူ ကို ဖမ်းဆီးမိပြီးနောက် လူသတ်ရန်ကြိုးစားမှု၊ အကြမ်းဖက်မှု၊ မီးရှို့တိုက်ခိုက်မှုနဲ့ ကိုယ်ထိလက်ရောက်တိုက်ခိုက်စော်ကားမှုတို့နဲ့ စွဲချက်တင်ထား တယ်လို့ သိရပါတယ်။ အဆိုပါ အကြမ်းဖက်သမားက ရဲတပ်ဖွဲ့ကိုရှောင်တိမ်းရင်း သံနဲ့ပြုလုပ်ထားတဲ့ လုံခြုံရေးခြံစည်းရိုးကို ဧပြီလ ၁၂ ရက် ညသန်းခေါင်အချိန်မှာ ကုတ်ကတ်တက်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့အိမ်ထဲကို ချိုးဖောက်ဝင်ရောက်ကာ မီးရှို့ဖို့ကြိုးစားခဲ့တာပါ။
အကြမ်းဖက်မီးရှို့မှုကြောင့် အိမ်အတွင်းမှာ သိသာတဲ့ ပျက်စီးမှုတွေဖြစ်ခဲ့ရပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျို့ရှ် ရှာပီရို နဲ့မိသားစုတွေအပြင် ဧည့်သည်တွေကိုပါ အိမ်ကနေ ပြောင်းရွှေ့ကယ်ဆယ်ခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
ဧပြီလ ၁၃ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ရှာပီရို က မီးကပျံ့နှံ့လာတာကြောင့်အိမ်ရဲ့ တံခါးကိုပါ ကူးစက်လာပြီး အသံတွေမြည်လာတာမှာ သူလည်းလန့်နိုးလာခဲ့တာလို့ ဆိုပါတယ်။ သူ့အနေနဲ့ ဖြစ်ခဲ့ရတာကို ပြန်စဉ်းစားရင်အလွန်ပဲ စိတ်လှုပ်ရှားမှုဖြစ်ရပေမယ့် မိသားစုနဲ့အတူ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ နေအိမ်က ပြောင်းရွှေ့ကယ်ထုတ်ခံခဲ့ရတာကိုလည်းပြောခဲ့ပါတယ်။ ဒါပေမယ့် ပြည်နယ်မြို့တော် ဟား ရစ်ဘာ့ဂ် မှာရှိတဲ့အိမ်ကတော့ မီးလောင်ကျွမ်းမှုမှာ ဆိုးဆိုးဝါးဝါးပျက်စီးခဲ့ပါတယ်။
ရဲအဖွဲ့ ဒုတိယမဟာမင်းကြီး ဂျော်ဂျ် ဘီဗစ် က တရားခံကို အိမ်လုပ်မီးရှို့ကိရိယာတစ်ခုနဲ့အတူ ဟားရစ်ဘာ့ဂ် နယ်မြေမှာပဲ ပြန်လည်ဖမ်းဆီးမိခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဟားရစ်ဘာ့ဂ်မြို့ရှိ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ တရားဝင်စံအိမ်က ဂျော်ဂျီယာပုံစံနဲ့ ၁၉၆၈ ခုနှစ်ကဆောက်လုပ်ခဲ့ပြီး အကျယ်အဝန်း ၂၉,၀၀၀ စတုရန်းပေရှိပါတယ်။ အခုထိ အုပ်ချုပ်ရေးမှူး ရှစ်ဦးနေထိုင်ခဲ့ရာ စံအိမ်လည်းဖြစ်ပါတယ်။
Ref- bbc