



ပရိသတ်ချစ်ခင်မှုများစွာ ရရှိထားတဲ့ အကယ်ဒမီ မင်းသမီး ဝတ်မှုန်ရွှေရည်နဲ့ ကိုနိုင်ဖြိုးကျော်တို့ က ငလျင်နဲ့ပတ်သက်ပြီး ထောက်ပံ့ အလှူငွေ ကျပ်သိန်း ၁၀၀၀ တိတိနဲ့ ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ ဆေးဝါးတွေကိုပါ မန္တလေးမြို့မှာ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ပါတယ်။
“ကစ်တို့ NPK Motor မိသားစုရဲ့ မန္တလေးတိုင်း အတွင်း မြေငလျင်ဒဏ်သင့် နေရာတွေနဲ့ ပြည်သူတွေ အတွက် နှလုံးသားနဲ့ လက်တွဲကူ ကူညီအားပေးမှုပါဝင်လှူဒါန်းခဲ့ပါတယ်။ ဒီကပ်ဘေးကို အတူတူ ကျော်ဖြတ်ကြရင်း အခက်အခဲတွေကို အမြန်ဆုံးကျော်ဖြတ်နိုင်စေဖို ဆုတောင်းမေတ္တာပို့သပါတယ် ရှင်”လို့ အကယ်ဒမီ ဝတ်မှုန်ရွှေရည်က ပြောပါတယ်။
NPK Motor မိသားစုက မြေငလျင်ဘေးသင့်ဒေသတွေအတွက် ကူညီထောက်ပံ့ အလှူငွေကျပ် သိန်း ၁၀၀၀ ကျပ်တိတိနဲ့ ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေ စုစုပေါင်း သိန်း ၂၀၀၀ ကျပ်တိတိကို မန္တလေး အရိုးအကြောဆေးရုံကြီးနဲ့ အခြား အိမ်ထောင်စုအလိုက် ထောက်ပံ့ကူညီရေး အလှူပစ္စည်းတွေကို မန္တလေး ဗထူးအားကစားကွင်းရှိ ကယ်ဆယ်ရေးစခန်းတွေ၊ မန္တလေးကျုံးရှေ့ သုဓမ္မာ ဇရပ်တန်းရှိ ကယ်ဆယ်ရေး စခန်းနဲ့ အဘယာရာမ ရွှေဂူကျောင်းတိုက်ဝင်းအတွင်းရှိ မြေငလျင်ဘေးသင့်မိသားစုတွေ အစရှိတဲ့နေရာတွေကို လှုဒါန်းဖြစ်ခဲ့ပါတယ်။
အကယ်ဒမီ ဝတ်မှုန်ရွှေရည်ကတော့ ငလျင်ဘေးနဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာ ကိုယ်တိုင်သွား ရောက်ပြီးတော့ တစိုက်မတ်မတ်လှူဒါန်းမှုတွေကို လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ ငလျင်ကတော့ ခုရက်ပိုင်းထဲမှာ လှုပ်ခတ်မှုတွေက ဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။