




၁၃. ၄. ၂၀၂၅
Photo Tha Doe
နှစ်ဟောင်းက အညစ်အကြေးကို အတာရေနဲ့ဆေးကြောသန့်စင်ပြီး နှစ်သစ်ကို စိတ်သစ်လူသစ်နဲ့ ခရီးဆက်တတ်တဲ့ မြန်မာလူမျိုးတွေအဖို့ ဘယ်လိုအခက်အခဲဒုက္ခမျိုးကမှ သင်္ကြန်ကို ပျော်ရွှင်စွာနွှဲလိုတဲ့ဆန္ဒကို မတားမြစ်နိုင်တဲ့ သက်သေအဖြစ် ကျောက်မြောင်းထဲမှာတော့ လူငယ်တွေက သင်္ကြန်ကို ပျော်ရွှင်စွာ ဆင်နွှဲနေကြပါတယ်။




မနှစ်ကလည်း သနပ်ခါးသင်္ကြန်ပုံစံ ဆင်နွှဲခဲ့တဲ့ ဒီရပ်ကွက်မှာ လူငယ်တွေအများဆုံးသင်္ကြန်ကျနေသလို စတုဒိသာ ကျွေးမွေးတာလည်းမြင်ရပြီး ကလူ၏သို့ မြှူ၏သို့နဲ့ ရေပက်ခံထွက်နေတဲ့ ပျိုမေတွေလည်း အများသားပါ။