



၁၂. ၄. ၂၀၂၅
Written by MMAK
မန်စီးတီး Vs ခရစ္စတယ်ပဲလေ့စ်
မန်စီးတီးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် နိုင်ပွဲလိုအပ်နေပေမဲ့ ရာသီပြီးခါနီးလေ ခြေစွမ်းပိုကောင်းလာလေဖြစ်နေတဲ့ ပဲလေ့စ်အသင်းကို အနိုင်ရဖို့ခက်ခဲပါတယ် ။ ပဲလေ့စ်အသင်းက နောက်ဆုံးကစားခဲ့တဲ့ကိုးပွဲမှာ ရှစ်ပွဲထိအနိုင်ရထားပြီး တစ်ပွဲသာသရေကျထားပါတယ် ။ ဒီပွဲစဥ်မှာ အိမ်ရှင်မန်စီးတီးအသင်းက ဘော်ဒီကြေး တစ်လုံးသရေပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေဖြစ်ပါတယ် ။ ခြေစွမ်းကောင်းနေတဲ့ ပဲလေ့စ်အသင်းကို တစ်လုံးသရေပေးထားတဲ့ မန်စီးတီးအသင်းရဲ့ ဘော်ဒီကြေးက ပြင်းရှနေတာကို တွေ့ရတာကြောင့် အိမ်ရှင်မန်စီးတီးအသင်း သေချာပေါက်ဂိုးရဖို့ရှိနေပါတယ် ။ ပဲလေ့စ်အသင်းကလည်း ဂိုးရနိုင်တယ်လို့ ယူဆထားတဲ့အတွက် ဘော်ဒီရွေးချယ်မှုထပ် ဂိုးပေါင်းအပေါ်ရွေးချယ်မှုက ပိုကောင်းပါတယ် ။ တစ် ဖက်တစ်ဂိုးစီလောက်တွေ့ရနိုင်ပြီး သုံးဂိုးလောက်က အနိမ့်ဆုံးအနေနဲ့ မြင်တွေ့ရနိုင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ် ။
ဘရိုက်တန် Vs လက်စတာ
လက်စတာအသင်းက ရာသီမပြီးခင်မှာဘဲ တန်းဆင်းရဖို့ သေချာနေသလို နောက်ဆုံးကိုးပွဲဆက် ရှုံးနိမ့်ထားပါတယ် ။ ဘရိုက်တန်အသင်းက နောက်ဆုံးနှစ်ပွဲဆက် ရှုံးနိမ့်ထားတာကြောင့် နိုင်ပွဲရဖို့လိုအပ်နေပြီး ဥရောပဝင်ခွင့်တစ်နေရာကို ရယူနိုင်သေးတာကြောင့် နိုင်ပွဲရဖို့ အားထည့်ကစားလာနိုင်ပါတယ် ။ ဒီပွဲစဥ်မှာ အိမ်ရှင် ဘရိုက်တန်အသင်းက ဘော်ဒီကြေးနှစ်လုံးရှစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေးသုံးလုံးသရေ ဖြစ်ပါတယ် ။ တန်းဆင်းရဖို့ သေချာသလောက်ရှိနေတဲ့ လက်စတာအသင်းကို ထိုးသားအများစု အကြိုက်မတွေ့နိုင်ဘဲ ဘရိုက်တန်အသင်းကို ရွေးချယ်လာနိုင်တဲ့ ဒီပွဲစဥ်မှာ ဘရိုက်တန်အသင်းအနေနဲ့ တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားလို့ ရပါတယ် ။ ရှုံးပွဲတွေဆက်နေပြီး ဖိအားတွေများနေတဲ့ လက်စတာအသင်းက တစ်ဂိုးလောက်ရသွားရင် ဘရိုက်တန်အသင်းအနေနဲ့ ကြေးအောင်ဖို့ မလွယ်တော့ပါဘူး ။ ဘရိုက်တန်အသင်းက တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားလို့ရတဲ့ ဒီပွဲစဥ်မှာ အောက်အသင်းဖြစ်တဲ့ လက်စတာဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ် ။
ဆောက်သမ်ပ်တန် Vs အက်စတွန်ဗီလာ
ဗီလာအသင်းက ဒီပွဲပြီးရင် PSG အသင်းနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဥ်ကို ကစားရဖို့ရှိတာကြောင့် ဒီပွဲစဥ်မှာ အပြည့်အဝအားထုတ်နိုင်ဖို့ မသေချာပါဘူး ။ ဇယားအောက်ဆုံးက ဆောက်သမ်ပ်တန်အသင်းက တန်းဆင်းသွားရပြီဖြစ်တာကြောင့် ဂုဏ်သိက္ခာအရသာ ယှဥ်ပြိုင်ကစားလာမှာ ဖြစ်ပါတယ် ။ ဒီပွဲစဥ်မှာ ဗီလာအသင်းက ဘော်ဒီကြေး တစ်လုံးနှစ်ဆယ်အရှုံး ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေဖြစ်ပါတယ် ။ ဗီလာအသင်းရဲ့ ဘော်ဒီကြေးက အနည်းငယ်မြင့်တက်လာတာတွေ့ရသလို အရန်ကစားသမားအချို့နဲ့ ပွဲထုတ်လာရင်တောင် ဆောက်သမ်ပ်တန်လိုအသင်းကို အနိုင်ကန်နိုင်စွမ်းရှိပါတယ် ။ ဗီလာအသင်းရဲ့ အရန်ကစားသမားတွေက အဆန်စီယို ၊ မာလန်းနဲ့ ရက်ဖို့တို့လို ကစားသမားတွေ ဖြစ်နေတာကြောင့် အနိုင်ရဖို့လိုအပ်နေတဲ့ ဗီလာအသင်း တစ်ဂိုးတော့နိုင်သွားနိုင်ပြီး နှစ်ဂိုးပြတ်မပြတ်ကိုသာ ကြည့်ရမယ်ထင်ပါတယ် ။ ဒီပွဲ အနိုင်ရထားမှ PSG အသင်းနဲ့ ကစားရမဲ့ နောက်ပွဲမှာ ယုံကြည့်မှုအပြည့်နဲ့ ကစားနိုင်မှာဖြစ်တာကြောင့် ပြားနှစ်ဆယ်ရင်းပြီး ဗီလာဘော်ဒီကို ရွေးချယ်ရမှာ ဖြစ်ပါတယ် ။
နော်တင်ဟန်ဖောရက် Vs အဲဗာတန်
ဖောရက်အသင်းရဲ့တိုက်စစ်မှာ အဓိက ကစားသမားတွေ ဒဏ်ရာရနေတာကြောင့် ခြေစွမ်းမာကျောတဲ့ အဲဗာတန်အသင်းကို အနိုင်ရဖို့ ခက်ခဲနိုင်ပါတယ် ။ အဲဗာတန်အသင်းက နောက်ဆုံးငါးပွဲမှာ လေးပွဲအထိ သရေကျထားသလို ငါးပွဲလုံးကို ဂိုးအောက်ကစားထားပါတယ် ။ အဲဗာတန်အသင်းရဲ့ ခံစစ်က တော်တော်လေး မာကျောမှုရှိတာကြောင့် တိုက်စစ်ကစားသမားတွေ မပါနိုင်တဲ့ ဖောရက်အသင်းဂိုးရဖို့ ခက်ခဲနိုင်ပါတယ် ။ ဒီပွဲစဥ်မှာ ဖောရက်အသင်းက ဘော်ဒီကြေး ပြားရှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးလေးဆယ်အရှုံးဖြစ်ပါတယ် ။ အဲဗာတန်အသင်းရဲ့ခံစစ်ကောင်းမွန်မှုကြောင့် ဂိုးပေါင်းကြေးတွေက အမြဲတန်းပျော့နေတတ်သလို ပေါက်ကြေးအတိုင်းလည်း ဂိုးပေါင်းအောက်လေ့ရှိပါတယ် ။ ဖောရက်အသင်းကလည်း ခံစစ်အားပြုကစားတတ်တာကြောင့် အခုပွဲစဥ်မှာ သွင်းဂိုးတွေမြင်ရဖို့ခက်ပါတယ် ။ ပထမပိုင်းမှာ ဂိုးမရနိုင်ဘဲ ပွဲပြီးဆုံးချိန်မှာတောင် နှစ်ဂိုးလောက် မြင်ရဖို့ ခက်ပါတယ် ။ ခံစစ်မာကျောတဲ့အသင်းနှစ်သင်း ထိပ်တိုက်တွေ့နေတဲ့ ဒီပွဲစဥ်မှာ ဂိုးအောက်ရွေးချယ်မှုက အကောင်းဆုံးဖြစ်ပါတယ် ။
အာဆင်နယ် Vs ဘရန့်ဖို့
အာဆင်နယ်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို ရယူနိုင်ဖို့သေချာနေတာကြောင့် ကြားရက်မှာ ကစားရမဲ့ ရီးရဲအသင်းနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဥ်ကို အာရုံရောက်နေနိုင်ပါတယ် ။ ဆာကာဒဏ်ရာပြန်ရသွားသလို ကစားသမားရွေးချယ်မှု အခက်အခဲတွေ ရှိလာနိုင်တာကြောင့် ဒီပွဲစဥ်မှာ အရန်ကစားသမားတွေကို ပွဲထုတ်လာနိုင်ပါတယ် ။ ဘရန့်ဖို့အသင်းက အမှတ်မလိုပေမဲ့ လန်ဒန်ဒါဘီပွဲဖြစ်နေတာကြောင့် ဂုဏ်သိက္ခာအရ အားထည့်ကစားလာနိုင်ပါတယ် ။ ဒီပွဲစဥ်မှာ အာဆင်နယ်အသင်းက ဘော်ဒီကြေး တစ်လုံးသုံးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ဖြစ်ပါတယ် ။ အာဆင်နယ်အသင်းရဲ့ ဘော်ဒီကြေးက အရမ်းပျော့နေပြီး တစ်ဂိုးနဲ့အနိုင်ရတာနဲ့ ပြားစားရမယ်ဆိုတဲ့ ပေါက်ကြေးမှာ သရေတစ်ပေါက်ရှိနေပါတယ် ။ အရန်ကစားသမားတွေနဲ့ ပွဲထွက်လာမဲ့ အာဆင်နယ်အသင်း ဂိုးပြတ်နိုင်ဖို့ မလွယ်သလို နိုင်ခဲ့ရင်တောင် တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားမှာပါ ။ တစ်လုံးသုံးဆယ်စားဆိုတဲ့ ဘော်ဒီကြေးတွေက အထက်ကြေးအောင်လေ့မရှိသလို သရေရလဒ်နဲ့ ပွဲပြီးတတ်ပါတယ် ။ အာဆင်နယ်အသင်း အနိုင်ရရင်တောင် တစ်ဂိုးထပ်မပိုဘူးလို့ ယူဆထားတာကြောင့် ပြားသုံးဆယ်ရင်းပြီး ဘရန့်ဖို့အသင်းကို ရွေးချယ်သင့်ပါတယ် ။