
၁၂. ၄. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံတွင် စတင်ကျင်းပနေသော ဆုန်ခရန်ပွဲတော် အားလပ်ရက် ခရီးသွားကာလ ပထမနေ့ဖြစ်သည့် သောကြာနေ့တွင် ယာဉ်မတော်တဆမှု ၂၁၁ မှုဖြစ်ပွားကာ ၂၇ ဦး သေဆုံးပြီး ၂၀၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့တွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ နှစ်သစ်ကူး အားလပ်ရက်များတွင် လူများစွာခရီးသွားလာမှုကြောင့် သောကြာနေ့တွင် ယာဉ်မတော်တဆမှု စုစုပေါင်း ၂၁၁ မှု ဖြစ်ပွားခဲ့သည်ဟု Road Safety Operation Center ၏ မှတ်တမ်းများက ဖော်ပြခဲ့ကာ ခုနစ်ရက်ကြာ နှစ်သစ်ကူးအားလပ်ရက်၏ ပထမနေ့တွင်ဖြစ်ပွားသော ယာဥ်တိုက်မှုသည် ယမန်နှစ်ကထက် လျော့နည်းခဲ့သည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ အိုပက်စ်ကာကာဗင်ပွန်က ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်က ဆုန်ခရန် သင်္ကြန်ပွဲတော် ပထမနေ့တွင် ယာဉ်မတော်တဆမှု ၂၄၁ မှု ဖြစ်ပွားခဲ့ပြီး ၂၉ ဦး သေဆုံးကာ ၂၅၃ ဦး ဒဏ်ရာရရှိခဲ့သည်။ နှစ်နစ်တာ နှိုင်းယှဥ်ချက်အရ ယာဉ်တိုက်မှုနှင့် သေဆုံးမှုမှာ လွန်ခဲ့သည့်နှစ်များကထက် အနည်းငယ် ကျဆင်းလာသော်လည်း အရက်မူးပြီး ကားမောင်းမှု ပိုများလာခဲ့သည်။ အရှိန်လွန် မောင်းနှင်ခြင်းသည် ယာဉ်တိုက်မှု၏ အဓိက အကြောင်းရင်းဖြစ်ကာ ၄၁ ရာခိုင်နှုန်း ရှိပြီး ယာဉ်တိုက်မှု၏ လေးပုံတစ်ပုံမှာ အခြားယာဉ်ရှေ့ ဖြတ်ဝင်မှုနှင့် ၂၃ ရာခိုင်နှုန်းမှာ အရက်မူးပြီး ကားမောင်းခြင်းကြောင့်ဖြစ်သည်။
ယာဥ်တိုက်မှုဖြစ်ပွားသည့်နှုန်းတွင်
မူကူဒါဟန်မြို့မှာ ယာဉ်မတော်တဆမှု ၁၁ မှု၊ ဒဏ်ရာရသူ ၁၂ ဦးနှင့် အများဆုံးဖြစ်ပြီး ဘန်ကောက်မြို့သည့် လူငါးဦးသေဆုံးမှုဖြင့် အများဆုံးဖြစ်ခဲ့ကာ မော်တော်ဆိုင်ကယ်များက ယာဉ်တိုက်မှုအားလုံး၏ ၈၄ ရာခိုင်နှုန်းရှိပြီး ပစ်ကပ်ထရပ်ကားနှင့် ဆီဒင်ကားများမှာ ၅ ရာခိုင်နှုန်းစီ ပါဝင်ခဲ့သည်။
Ref, Bangkok Post