



၁၂.၄.၂၀၂၅.
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံ၊ မြို့တော်ဆိုးလ်ရဲတောင်ဘက် ဂွမ်မြောင်မြို့မှာ မြေအောက်ရထားလမ်းဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု ဧပြီလ ၁၁ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၁၃ မိနစ်က ပြိုကျခဲ့ရာမှာ အလုပ်သမားတစ်ဦးကတေ့ာ လုံးဝပျောက်ဆုံးနေဆဲဖြစ်လို့ ဧပြီလ ၁၂ ရက်မှာ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ရှာဖွေနေကြတယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ကြပါတယ်။
Sinansan မြေအောက်ရထားလိုင်းပေါ်မှာရှိတဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြေပေါ်လမ်းအပိုင်း က ရုတ်တရက်ပြိုကျသွားခဲ့တာဖြစ်ပြီး အနီးရှိအဆောက်အအုံတချို့လည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
လုပ်ငန်းခွင်မှာ အလုပ်သမား ၁၇ ဦးရှိတဲ့အနက် ပြိုကျစဥ်က အလုပ်သမားငါးဦးကိုမတွေ့ရှိဘဲ ဖြစ်နေတာပါ။ ဒီနောက်မှာတော့ ကယ်ဆယ်ရေးသမားတွေက အလုပ်သမားသုံးဦးကို အန္တရာယ်ကင်းစွာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ အသက် ၂၀ ကျော်သာရှိသေးတဲ့မြေတူးစက်မောင်းသူအလုပ်သမားကိုလည်း ပြိုကျမှု ဖြစ်ပြီး ၁၃ နာရီအကြာမှာ မြေအောက်အနက် မီတာ ၃၀ လောက်မှာ ပြန်လည်ကယ်ဆယ် နိုင်ခဲ့ပါတယ်။
ပျောက်ဆုံးနေသေးတဲ့ အသက် ၅၀ နှစ်ကျော်အရွယ်ရှိတဲ့ အလုပ်သမားကိုတော့ အယ်ဆယ်ရေးနဲ့ရှာဖွေရေးခွေးတွေကိုပါ ဖြန့်ချရှာဖွေနေကြပြီး စက်ယန္တရားကြီးများလည်း အသုံးပြုရှာဖွေသွားမယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့ မီးသတ်သမားတွေအနေ နဲ့ပျောက်နေတဲ့ အလုပ်သမားကို သူ့ရဲ့မိုဘိုင်းဖုန်းမှတစ်ဆင့် ဘယ်နေရာမှာရှိနေမလဲ အတိအကျဖော်ထုတ်ဖို့ ကြိုးစားပေမယ့် အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ မိုးလေဝသကလည်း ဧပြီလ ၁၂ ရက် နံနက်ပိုင်းမှာ မြို့တော်အနီးတစ်ဝိုက် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အဆိုပါ မြေအောက်ရထားလမ်းတည်ဆောက်ရေးလုပ်ငန်းခွင်ပြိုကျမှုကြောင့် အာဏာပိုင်တွေက အနီး အနားရှိ နေထိုင်သူ ၂,၄၀၀ ခန့်ကို ရွှေ့ပြောင်းနေထိုင်ကြဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် လုံခြုံစိတ်ချရမှု စစ်ဆေးအပြီးမှာတော့ ဧပြီလ ၁၁ ရက် ညသန်းခေါင်လောက်မှာ လူ ၂၂၀ လောက်ဟာ ယာယီတဲတွေကနေ သူတို့အိမ်တွေကို ပြန်လာနေထိုင်ကြပါတယ်။
Ref- Yonhap