





၁၁.၄.၂၀၂၅
Written By Thandar
ဂီတလမ်းကြောင်းပေါ်မှာ ပရိသတ်အားပေးမှုများစွာ ရရှိထားတဲ့ အဆိုတော် နီနီခင်ဇော်ကတော့ အင်းလေးဒေသ ငလျင်နဲ့ပတ်သက်ပြီး ပြန်လည်ထူထောင်ရေးအတွက် သမီးလေးကာရန် ရဲ့”ပထမဆုံး ဓာတ်ပုံလေးနဲ့ ပထမဆုံးအလှူ”အနေနဲ့ ကျပ်သိန်း ၂၀ လှူဒါန်းမှုကို ယမန်နေ့က ပြုလုပ်ခဲ့ပါတယ်။
“နီနီရဲ့ သမီးလေး “ကာရန်”ရဲ့ပထမဆုံးအလှူလေးပါ။ အင်းလေးဒေသပြန်လည်ထူထောင်ရေးနဲ့ ရေပေါ် အိမ် လေးတွေ တည်ဆောက်ပေးဖို့အတွက် သမီးလေးနဲ့ Hippo ကနေ ငွေကျပ်သိန်း၂၀ကို လှူဒါန်းပါတယ် ရှင်” လို့ အဆိုတော် နီနီခင်ဇော်က ပရိသတ်ကို အသိပေးလာပါတယ်။
နီနီခင်ဇော်က ငလျင်ကပ်ဘေးမဖြစ်မီ ရက်ပိုင်းအလိုမှာသမီးလေးကိုဖွားမြင်ခဲ့ပါတယ်။ ကြေကွဲစရာဘေး အန္တရာယ် သတင်း တွေကြောင့်သာ အခုမှပဲ သမီးလေးမွေးဖွားကြောင်းအသိပေးဖြစ်တာပါလို့ ဆိုပါတယ်။
“ငလျင်ဘေး အန္တရာယ်တွေ ကျရောက်နေချိန်မှာ နီနီအနေနဲ့ ခုမှ သမီးလေးမွေးဖွားတာကို အသိပေးဖြစ်တာပါ။ မေမေရော ကလေးပါ ကျန်းမာပါတယ်။ ဘေးအန္တရာယ် ကပ်အပေါင်းမှ ကင်းလွတ်ဝေးကြပါစေလိုဆုတောင်းပါတယ်ရှင်”လို့ သူမက ဆက်ပြောပါတယ်။