
၁၁. ၄. ၂၀၂၅
Written by Nay Moe
ပခုက္ကူမှာ PDF အဖွဲ့ဆယ်နဲ့ချီ ကျက်စားတဲ့အထဲ လုပ်ငန်းရှင်တွေကို ပြန်ပေးဆွဲ သတ်ဖြတ်နေတဲ့ PDF အဖွဲ့ခွဲ ဆယ်ခုပေါင်းပြီး ဗိုလ်မှူးတစ်ဦးနဲ့ လုပ်ငန်းရှင်တစ်ဦးကို ပစ်သတ်လိုက်တယ်လို့ ကျူးလွန်တဲ့ PDF တွေက ဝန်ခံထားပါတယ်။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မှာ ဧပြီ ၁၀ ရက် ည ၉ နာရီအချိန်က ပခုက္ကူ မြို့ စက်မှုန်ဇုံ ရထားဘူတာနဲ့ အိမ်ဖြူတော် KTV အနီးမှာ ကာကွယ်ရေးပစ္စည်းစက်ရုံံ(ကပစ ၂၄) က ဗိုလ်မှူးသော်ဇင်ဦးကို ချောင်းမြောင်းပြီး အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကျူးလွန်တဲ့ Earthquake People’s Defence Force က ဝန်ခံပါတယ်။





ဒီဖြစ်စဥ်မှာ ဗိုလ်မှူးသော်ဇင်ဦး နေရာတင်သေဆုံးပြီး သူနဲ့အတူ ကားတစ်စီးထဲပါလာတဲ့ အိမ်ဖြူတော် KTV ပိုင်ရှင် ကိုမြင့်ဦးပါ သေဆုံးခဲ့ပြီး ကားတစ်စီးပါ လုယက်ခဲ့တယ်လို့ ကျူးလွန်တဲ့ PDF တွေက ပြောပါတယ်။
NUG က အပစ်အခတ်ရပ်ခိုင်းထားချိန်မှာ PDF တွေက မလိုက်နာဘဲ ပစ်ခတ်သတ်ဖြတ်မှု ဆက်လက် ကျူးလွန်ထားသလို ဒီသတ်ဖြတ်မှုကို ပခုက္ကူမြို့ပေါ်မှာ ပြန်ပေးဆွဲ၊ လုယက်သတ်ဖြတ်မှုကျူးလွန်နေကြတဲ့ Earthquake Prople’s Defence Force၊ Thu Rein TR၊ Six Senses Guerrilla Force၊ Justice Revolution Forc၊ Hunter PKU၊ Black Cheater၊ပခုက္ကူခရိုင် တပ်ရင်း၂ ( The Red Revolters တပ်ဖွဲ့)၊ မြိုင်ပကဖ တပ်ရင်း ၃ တပ်ခွဲ ၄ နဲ့ ရွှေညာမြေတပ်ဖွဲ့ (ပခုက္ကူ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ Earthquake People’s Defence Force က ဝန်ခံထားပါတယ်။