
MT News
၁၁. ၄. ၂၀၂၅
တရုတ်အစိုးရက မြန်မာနိုင်ငံကို ထောက်ပံ့ပေးသည့် ဆဋ္ဌမအသုတ် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ကယ်ဆယ်ရေးဆိုင်ရာ အကူအညီပစ္စည်းများသည် ယနေ့ ဧပြီ ၁၁ ရက်တွင် မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။
အဆိုပါ ဆဋ္ဌမအသုတ် အကူအညီပစ္စည်းများတွင် ရွက်ဖျင်တဲ ၂၆ လုံး၊ တစ်ကိုယ်ရေသုံး ပြင်ပတွင် ချက်ပြုတ်နိုင်သောပစ္စည်း အစုံ ၂,၀၀၀၊ ဆိုလာစွမ်းအင်သုံး စာကြည့်မီးအိမ် ၁၀,၀၀၀ လုံး၊ ဆပ်ပြာ ၃၈,၈၈၀ တုံး၊ ရေချိုးဆပ်ပြာရည် ၃၈,၈၈၀ ဘူး၊ ခေါင်းလျှော်ရည် ၃၈,၈၈၀ ဘူး၊ သွားတိုက်ဆေး ၃၈,၈၈၀ ဘူး၊ သွားတိုက်တံ ၃၈,၈၈၀ ချောင်း၊ ဆပ်ပြာမှုန့် ၃၈,၈၈၀ အိတ် ပါဝင်ပြီး စုစုပေါင်းအလေးချိန် ၉၁ တန်ကျော်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံက မြန်မာ့ငလျင်ဘေးအတွက် ယွမ်သန်း ၁၀၀ ဖိုး ထောက်ပံ့ကူညီရန် ကနဦး ဆုံးဖြတ်ထားပြီး ပထမအသုတ်အလှူအဖြစ် မတ်လ ၃၁ ရက်တွင် ရွက်ဖျင်တဲ ၁,၂၀၀ လုံး၊ ခြုံစောင် ၈,၀၀၀၊ အရေးပေါ်ကယ်ဆယ်ရေးအိတ် ၄ သောင်းကျော်ကူညီထားပြီး ဒုတိယအသုတ် ကူညီကယ်ဆယ်ရေးပစ္စည်းများကို ဧပြီ ၃ ရက်တွင် ရွက်ဖျင်တဲ ၈၀၀ လုံး၊ ခြုံစောင် ၂,၀၀၀၊ ဘီစကွတ်သေတ္တာ ၃၀၀၀၊ Mineral Water သေတ္တာ ၂,၀၀၀ ၊ ဧပြီလ ၅ ရက် တတိယအသုတ်ပစ္စည်းများတွင် ရေသန့်စက် ၁၀၄၈ စုံ၊ ခြင်ထောင်အလုံးရေ ၁၀၀၀၀ ၊ အရေးပေါ်ဆေးအိတ် ၁၅၀၀၀ နှင့် ရွက်ဖျင်တဲအကြီးစား ၄၀၀ စသည်တို့ပါဝင်ပြီး ဘေးဒဏ်သင့်ဒေသသို့ နေ့ချင်းပို့ဆောင်ပေးမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့သော်လည်း စတုတ္ထအသုတ်ကို ဧပြီ ၉ ရက်တွင် ရွက်ဖျင်တဲ ၁၂၄၈လုံး၊ ခြင်ထောင် ၁၀,၀၀၀ လုံး၊ တာပေါ်လင် ၉,၀၀၀ လိပ်၊ အိပ်ယာအိတ် ၄၀၀၀ ခုနှင့် ထိုနေ့တွင်ပင် ပဉ္စမအသုတ် အကူအညီပစ္စည်းများရောက်ရှိကာ ပါဝင်လာသည်များမှာ ရွက်ဖျင်တဲ ၂၆၆ လုံး၊ ခြင်ထောင် ၂၀,၀၀၀ လုံး၊ တာပေါ်လင် ၉,၀၀၀ လိပ်၊ ခေါက်ဆွဲခြောက် ၂,၀၀၀ သေတ္တာပါဝင်ပြီး စုစုပေါင်းအလေးချိန် ၉၁ တန်ကျော်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံသည် မြန်မာ့ငလျင်ဘေးအတွက် မူလက ယွမ်သန်း ၁၀၀ သာ ကူညီမည်ဟု ကြေညာခဲ့သော်လည်း ဧပြီ ၁၀ ရက်တွင်မူ ယွမ်တစ်ဘီလျံ ထပ်မံကူညီမည်ဟု ကြေညာခဲ့သည်။ အဆိုပါ ထပ်တိုးအကူအညီတွင် လောင်စာဆီနှင့် အသင့်တပ်ဆင်ရန်အိမ် အပါအဝင် အရေးပေါ် လူသားချင်းစာနာမှု သဘာဝဘေးကယ်ဆယ်ရေး အကူအညီ အသစ်များ ပါဝင်လာမည်ဖြစ်သည်။
Ref, Xinhua