
၁၁.၄.၂၀၂၅
Translated by Htwe Ko Tun
စပိန်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားမိသားစုတစ်စုလိုက်ပါလာသော ရဟတ်ယာဉ်တစ်စင်းက အမေရိကန်ပြည်ထောင်စု၊ နယူယော့ခ်မြို့တွင် ဧပြီလ ၁၀ ရက်က ဟတ်ဆန်မြစ်အတွင်းသို့ ထိုးကျခဲ့ရာ ကလေးငယ် သုံးဦးအပါအဝင် လူခြောက်ဦးသေဆုံးခဲ့ရကြောင်း သိရသည်။
New York Helicopters ကုမ္ပဏီက ငှားရမ်းပျံသန်းနေသည့် ထိုရဟတ်ယာဉ်ပျက်ကျမှုတွင် သေဆုံးသူ များ၌ ရဟတ်ယာဉ်မှူး၊ လူကြီးနှစ်ဦးနှင့်ကလေးသုံးဦးတို့ ပါဝင်ကြောင်း သိရသည်။ ရဟတ်ယာဉ်က ဧပြီလ ၁၀ ရက်၊ မွန်းလွဲပိုင်းတွင် မန်ဟတ်တန်ရပ်ကွက်နှင့်ယှဉ်လျက် မြစ်အတွင်းသို့ ပျက်ကျခဲ့ရကြောင်းလည်း သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့သည်။

စပိန် ကမ္ဘာလှည့်ခရီးသွားမိသားစုက စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှဖြစ်ကြောင်းလည်း သိရသည်။ရဟတ်ယာဉ်က ကွင်းမှ ပျံတက်အပြီး ၁၅ မိနစ်ခန့်တွင် ပျက်ကျခဲ့ခြင်းဟုလည်း သိရသည်။
သေဆုံးသူခြောက်ဦးအနက် လေးဦးမှာ ရဟတ်ယာဉ်ပျက်ကျနေရာတွင်ပင် သေဆုံးခဲ့ရပြီး နှစ်ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့ခြင်းဟုလည်း သိရသည်။
ရဟတ်ယာဉ်ပျက်ကျရသည့်အကြောင်းရင်းကိုစုံစမ်းစစ်ဆေးဆဲဟုဆိုသည်။
Ref-ABC