
၁၀.၄.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန်အစိုးရရဲ့အခွန်စည်းကြပ်မှုအပေါ် တရုတ်အစိုးရအနေနဲ့ လက်တုံ့ပြန်ပြီး အမေရိကန်မှ သွင်းကုန် တွေအပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက ကုန်သွယ်စည်းကြပ်ခွန် ၈၄ ရာခိုင်နှုန်းပြဌာန်းခဲ့ပါတယ်။
ဒါက လေးစားမှုမရှိတာကိုပြတာပဲလို့ အမေရိကန်အစိုးရဘက်မှပြောကြားခဲ့ပြီးနောက် ဧပြီလ ၉ ရက်မှာတော့ တရုတ်နိုင်ငံမှ သွင်းကုန်တွေအပေါ် စည်းကြပ်ခွန် ၁၂၅ ရာခိုင်နှုန်းအထိမြှင့်တင်ပြဌာန်းခဲ့ရာမှာတော့ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံနှစ်ခုအကြား ကုန်သွယ်စည်းကြပ်ခွန်စစ်ပွဲကနေ ကုန်သွယ်ရေးစစ်ပွဲသို့ ရောက်ရှိလာလေမလား အခြေအနေက ပြင်းထန်လာပါတယ်။
အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုဟာ ‘တစ်ကမ္ဘာလုံးကို ဆန့်ကျင်’ နေပြီး ‘စည်းမျဥ်းအခြေခံတဲ့နိုင်ငံစုံကုန် သွယ်မှုစနစ်’ ကို ဆိုးရွားစွာ ပျက်စီးစေတယ်လို့ တရုတ်အစိုးရက သတိပေးခဲ့ပါတယ်။
ဧပြီလ ၉ ရက်မှာ ဒေါ်နယ်ထရန့်က တရုတ်နိုင်ငံမှသွင်းကုန်တွေကို စည်းကြပ်ခွန် ၁၂၅ ရာခိုင်နှုန်းအထိ မြှင့်တင်ပြဌာန်းခဲ့အပြီးမှာတော့ တရုတ်အစိုးရက အမေရိကန်ရဲ့ ကမ္ဘာ့နိုင်ငံတွေအပေါ် ပိုမိုမြင့်မားတဲ့ ကုန်သွယ်စည်းကြပ်ခွန်တွေကောက်ယူမှုကို အခုလိုသတိပေးခဲ့တာပါ။
တရုတ်အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ လင်ဂျင်း ကလည်း အမေရိကန်ရဲ့ဆောင်ရွက်မှုကပြည်သူတွေရဲ့ထောက်ခံမှုမရတဲ့အပြင် ကျရှုံးမှုနဲ့သာ ရင်ဆိုင်ရမယ်လို့လည်း သတင်းစာရှင်းပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။
ဒါ့ပြင် လင်ဂျင်းက တရုတ်နိုင်ငံရဲ့ ဥဒေကြောင်းအရ အခွင့်အရေးတွေ၊ တရုတ်ပြည်သူတွေရဲ့အကျိုးစီးပွားတွေကို ပိတ်ပင်တားဆီးနေတာတွေကို တရုတ်အစိုးရကလည်း လက်ပိုက်ထိုင်ကြည့်နေမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
တရုတ်စီးပွားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူအမျိုးသမီး ဟေယုန်ကွင်က အမေရိကန်အစိုးရကို ခုလို ကုန်သွယ်ရေးတိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ ပူးပေါင်းညှိနှိုင်းမှုလုပ်ကြဖို့နဲ့ အခုဆို ကုန်သွယ်ရေးစစ်ပွဲ ရောက်ဖို့ လမ်းခုလပ်အခြေအနေမှာရှိနေပြီလို့ ဆိုခဲ့ပါတယ်။
ဟေယုန်ကွင်က ညှိနှိုင်းဆွေးနွေးပွဲရဲ့ တံခါးဝကိုဖွင့်ထားတာပါ။ ဒါပေမယ့် တစ်ဖက်နဲ့တစ်ဖက် အပြန် အလှန်လေးစားမှုရှိဖို့လိုပြီး ညီမျှတဲ့အပြုအမူ ပြောဆိုမှု လည်းရှိဖို့လိုတာပေါ့ လို့လည်းဆိုခဲ့ပါတယ်။
ref——–Hindustan Times