
၁၀.၄.၂၀၂၅
Written By Thandar
ပရိသတ်ချစ်ခင်စွာ အားပေးခံခဲ့ရတဲ့ သရုပ်ဆောင် မင်းသမီး စိုးမြတ်နန္ဒာကတော့ ဧပြီလ ၉ ရက်နေ့က မြန်မာပြည် ခေတ္တပြန်လာပြီး သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့ပါတယ်။
သူမကတော့ အမေရိကန်နိုင်ငံကနေ ခေတ္တပြန်လာပြီးတော့ မိဘဆွေမျိုးအသိုင်းအဝိုင်းတွေရှေ့မှာ ဆံချပြီးတော့ မြန်မာပြည်မှာ သာသနာဘောင်ဝင်ခဲ့တာလည်းဖြစ်ပါတယ်။ မင်းသမီး စိုးမြတ်နန္ဒကတော့ အနုပညာအလုပ်တွေကို မလုပ်တော့ဘဲ မိသားစုအတွက် အချိန်ပေးပြီးတော့ ဘဝကိုဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ကတော့ အသက် ၄၅ နှစ်ပြည့် မွေးနေ့အလှူ နေ့ဆွမ်းတွေကို အောင်ဆန်းဆရာတော်ဘုရားကျောင်းနဲ့ မန္တလေးက မဟာဂန္ဓာရုံကျောင်းတိုက်တို့မှာ မိဘတွေက ကပ်လှူပေးခဲ့တယ်လို့ သိရပါတယ်။
#စိုးမြတ်နန္ဒာ #SoeMyatNanda #သာသနာ့ဘောင် #MyanmaeCele #MyanmarActress



