
MT News
၁၀.၄. ၂၀၂၅
ဆိုးရွားစွာလှုပ်ခတ်သွားသော မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးသွားသော ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးကို သီတဂူဆရာတော်ဘုရားကြီးက ပြန်လည်ပြုပြင်မွမ်းမံမည်ဖြစ်သည်။
ဧပြီ ၉ ရက်နေ့တွင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးသည် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်ကို သွားရောက်ကြည့်ရှုခဲ့ရာ ဆရာတော်ဘုရားကြီးနှင့်အတူ တမ္ပဝတီဦးဝင်းမောင်၊ အင်ဂျီနီယာကိုချိုဇော်မင်းတို့ လိုက်ပါခဲ့ကြသည်။
ရှေးဦးစွာ ဘုရားကြီး ပျက်စီးမှုအခြေအနေ၏ ရှင်းလင်းထားမှုကို ကြ့ည့်ရှု့စစ်ဆေးတော်မူပြီးနောက် စေတီတော်ကြီးပြုပြင်မွမ်းမံရန်အတွက် တမ္ပဝတီဦးဝင်းမောင်၊ အင်ဂျင်နီယာကိုချိုဇော်မင်း၊ ဆွမ်းဦးပုညရှင်ဂေါပကများနှင့် တိုင်ပင်ဆွေးနွေးခဲ့ကြသည်။
ဆရာတော်ဘုရားကြီးသည် ဆွမ်းဦးပုညရှင်ဘုရားကြီးပြုပြင်မွမ်းမံရန် ဆွေးနွေးပြီးနောက် ရတနာထွဋ်ခေါင်စေတီတော် ပြုကျပျက်စီးနေမှုကိုလည်း သွားရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။








